စစ်ကောင်စီတပ်စခန်း ၃ ခု KNU သိမ်းပိုက်၊ လက်နက်ခဲယမ်းအမြောက်အမြားရရှိ

တပ်မဟာ (၃) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းသုံးခုအား အလျင်အမြန်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားရရှိကြောင်း KNU က ထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်းရှိ သံဆိပ်စခန်း၊ ဘောကထာနှင့် တုံးတံတာစခန်းတို့အား KNLA က နိုဝင်ဘာ ၁၂ ရက်တွင် တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့သည်။

နိုဝင်ဘာ ၁၂ ရက် နံနက် (၄) နာရီတွင် စတင် တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် ထိုစခန်းသုံးလုံးအား တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု KNU ကဆိုသည်။

တိုက်ခိုက်မှုတွင် သံဆိပ်စခန်း နှင့် ဘောကထာစခန်းတို့အား KNLA ၏ မြေပြင်တပ်ဖွဲ့များမှ တိုက်ခိုက်ခြေမှုန်းဖျက်ဆီးခဲ့ပြီး တုံးတံတာစခန်းကို တိုက်ခိုက်ရေးသုံး Drone များဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု KNUက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဒဏ်ရာရရှိသူ စာရင်းကို စီစစ်အတည်ပြုနေဆဲဖြစ်သည်ဟု KNU က ဆိုသည်။

စခန်းသုံးခုမှ ရရှိခဲ့သည့် စစ်လက်နက်ပစ္စည်းများမှာ MA အမျိုးစားသေနတ် ရှစ်လက်နှင့် ကျည်ဆံ ၃၀၇၀ တောင့်၊ ၉ မမ နှစ်လက်၊ ၈၁ မမတစ်လက်နှင့်ကျည် ၆၈ လုံး၊ ၆၀ မမ အရှည် တစ်လက်နှင့်အတို လေးလက်၊ ၆၀မမ ကျည် ၁၁၃ လုံး၊ RPG-၇ တစ်လက်နှင့် ကျည် ၇၇ လုံး၊ လက်ပစ်ဗုံး ၂၈ လုံး၊ Short Gun တစ်လက်နှင့် ကျည် ၈၈ တောင့်၊ M14 ခြေနင်းမိုင်း ၁၀ လုံး၊ တိုက်မိုင်း ၁၀ လုံး၊ ကျည်ဘောက် ၂၇ဘခုနှင့် မိုင်းရှာစက် တစ်ခု တို့ ဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စခန်းများအား ရှင်းလင်းစဉ် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြိမ် ၂၀ ခန့် တိုက်ခိုက်ခဲ့သဖြင့် စခန်းအတွင်းရှိ ပစ္စည်းများအား အကုန်ယူဆောင်နိုင်ခဲ့ခြင်းမရှိဟု KNU က ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၁၈ ရွာမှ ပြည်သူလူထု နှစ်သောင်းကျော်မှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု KNU က ထုတ်ပြန်သည်။

အာဏာသိမ်းချိန်မှစပြီး တပ်မဟာ (၃) နယ်မြေများအတွင်း မြေပြင်တိုက်ပွဲပေါင်း ၃၈၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့များမှ သေဆုံးမှုမှာ ၄၈၀ ဦးရှိလာပြီး ၂၂၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်းဆိုသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s