ထားဝယ်ခရိုင်တွင် အာဏာသိမ်းစစ်ခေါင်း ဆောင်၏ခရီးစဉ်ကို လုံခြုံရေးယူပေးသည့်တပ်ဖွဲ့ တိုက်ခိုက်ခံရမှုကြောင့် တပ်သား ၆၀ နီးပါး သေဆုံး

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့တွင် နိုဝင်ဘာလ ၂ ရက်မှ ၅ ရက် နေ့အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ခရီးစဉ်အတွက် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ လေးကြိမ်ထက်မနည်း တိုက်ခိုက်ခံရမှုကြောင့် တပ်သား ၆၀ နီးပါးသေဆုံးခဲ့ကြောင်း လောင်းလုံး PDF အဖွဲ့ထံမှ သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ခရီးစဉ်ကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ ၏ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု PDF အဖွဲ့များထံမှ သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တနင်္သာရီတိုင်းခရီးစဉ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းသို့လာရောက် မည်ဟု သတင်းများထွက်ပေါ်လာပြီး နောက် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ထားဝယ်(ပကဖ)အဖွဲ့မှတာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ လောင်းလုံးPDF အဖွဲ့တွေက တိုက်ခိုက်မှု အပြီး ချက်ချင်းသတင်းထုတ်ပြန်ဖို့ စီစဉ်ထားပေမယ့် အကောက်တွေ၊ ပေ့ချ်တွေပိတ်ခံထားရလို့ အခုမှ သတင်းထုတ်ပြန်ဖြစ်တာပါ” ဟု ပြောသည်။

ယင်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီယာဉ်တန်းများနှင့် ခြေလျင်စစ်ကြောင်းတို့ကို နိုဝင်ဘာလ ၂ ရက် နေ့ ညနေ ၄ နာရီအချိန်တွင် ရေဖြူ-နဘုလယ် ရေနက်ဆိပ်ကမ်းလမ်းမကြီး ဝက်ချောင်းရွာအဝင်လမ်း၀ ရှမ်းလမ်းဆုံတွင် PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းခြောက်လုံးဖြင့်ဖောက်ခွဲခဲ့ရာ စစ်ကောင်စီတပ်သား ၂၅ ဦး သေ ဆုံးခဲ့ပြီး ယင်းနေ့ညပိုင်းတွင်လည်း စစ်ကူလာသည့်ယာဉ်တန်းကို မိုင်းနှစ်လုံးဖြင့်ထပ်မံတိုက်ခိုက်ခဲ့ ကြောင်း သိရ သည်။

အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း လောင်းလုံးဖက်ကို ဦးတည်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၆ ဦးခန့်စီးနင်းလိုက်ပါလာသည့်ယာဉ်တန်းကို သုံးကြိမ်မြောက်မိုင်းဆွဲခဲ့ရာ ငါးဦးသေဆုံးခဲ့ပြီး နောက် ညပိုင်းတွင်ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ နီးပါးကို မိုင်း လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တပ်သား ၃၀ နီးပါး ထပ်မံသေဆုံးခဲ့သည်။

အဆိုပါ အကြမ်းဖက်စစ်ခေါင်းဆောင်၏ခရီးစဥ်အတွက်လုံခြုံရေးယူပေးသည့် စကစတပ်သားများကို ထားဝယ် (ပကဖ) DGRF၊ လောင်းလုံး (ပကဖ) LLPDF၊ T-PDF ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ၎င်းတို့ဖက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s