ဒဏ်ရာရ ပျူခေါင်းဆောင် ဆေးကုသမှုခံယူနေပြီး စစ်တပ် ကင်းစောင့်နေသော ရေစကြိုဆေးရုံကို PDF တပ်များက ဝင်တိုက်မှု စစ် သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ဆေးရုံတွင် လုံခြုံရေး ယူထားသော စစ်ကောင်စီတပ်များကို ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်က ယ နေ့ ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရေစကြို ဆေးရုံတွင် လုံခြုံ ရေးယူထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ဝင်းမြင့်အောင်လည်း ဆေးကုသမှု ခံနေသဖြင့် ဝင်တိုက်ခြင်းဖြစ်ကြောင်း၊ ထိုဆေးရုံတွင်ပင် စရဖ ရုံးအထိုင် တည် ထားကြောင်း သိရှိရသည်။

“အခုလောလောဆယ်ကျနော်တို့ပြောနိုင်တာက စစ်သား ၂ ဦး သေတယ်။ ၁ ဦးဒဏ်ရာရတယ်။ ဒါပေမယ့်လေ အရေ အတွက်က ဒီထက်ပိုများနိုင်ပါတယ်။ ပိုများဖို့ပဲရှိပါတယ်။ အခြေအနေတွေက နည်းနည်းရှုပ်နေတယ်” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကို ဝင်တိုက်ခိုက်နေစဉ် ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့ပေါ်ရှိ စစ်တပ်ကို တန်ပြန်တိုက်ခိုက်‌ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s