ပခုက္ကူ၊ အရှေ့ဘုန်းကန်ရွာတွင် တပ်စွဲသော စစ်ကောင်စီ တပ်သားများ ပစ်ခတ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများများ ပစ်ခတ် တိုက်ခိုက်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် အရှေ့ဘုန်းကန်ရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲ ထားသော စစ်သားနှင့် ပျူစောထီးများ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ YSO နှင့် Urban Underground Revolution Force-UURF/

Yesagyo Revolution Group-YRG / Southern Yso PDF / Shwe Nyar Myae PDF /King Cobra People’s Defence Force/ ညီနောင်သုံးဖော် / ဒေါင်းညီနောင် / ကျေးလက်ပြောက်ကျားအဖွဲ့နှင့် အခြားညီနောင်မဟာမိတ်များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ YSO က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s