မြိုင်မြို့နယ် သရက်ကန်ရွာပျူစခန်းမှ စစ်ကောင်စီတပ်သားများအစည်းအဝေးလုပ်နေစဥ် ၁၂၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ကျေးရွာ ပျူစောထီးစခန်းမှ စစ်ကောင်စီ တပ်သားနှင့် ပျူစောထီးများအား နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် သရက်ကန် ကျေးရွာအတွင်း အစည်းအဝေးလုပ်နေစဥ် ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်အဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သရက်ကန်ကျေးရွာတွင် စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၆၀ ဝန်းကျင်ခန့်တပ်စွဲထားပြီး အစည်း အဝေးပြုလုပ်မည့်သတင်းရထားသော ကြောင့် ကာကွယ်ရေးတပ်ဖွဲ့မှ ၁၂၀ မမ ဖြင့် ခြောက်ချက်ပစ်ခတ် ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ စခ(စစ်ကောင်စီ)တွေရော၊ ပခ(ပျူစောထီး)တွေရော အစည်းအဝေးလုပ်နေတယ်သတင်း ရလို့ သွားရောက်ပစ်ခတ်ခဲ့တာပါဗျ။ သူတို့အစည်းအဝေးလုပ်နေတဲ့နားကျပြီး အစည်းအဝေးလည်းပျက် သွားတယ်ဗျ” ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ အစည်းအဝေးလုပ်နေသည့်နေရာအနီးတွင်ကျ ရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ် သားနှစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s