မြောင်နှင့် ရေစကြို အစပ်တွင် စစ်တပ် စစ် ကြောင်းကို Mi 35 ရဟတ်ယာဥ်က မှားယွင်း ပစ်ခတ်ခဲ့ပြီး ၆၉ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Mi 35 စစ်ရဟတ်ယာဥ်က မှားယွင်း ပစ်ခတ်ခဲ့ပြီး စစ်သား ၆၉ ဦးသေဆုံးခဲ့ကြောင်း CDSOM အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အရပ်ဝတ်များ ဝတ်ဆင်ထားသော အကြမ်းဖက် စစ်​တပ် စစ်ကြောင်းသည် မြောင်နှင့် ရေစကြို အစပ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လည် ထွက်ခွာလာစဥ် ဒေသ ကာ ကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ Mi 35 ၁ စီး ရောက်ရှိလာပြီး အရပ်ဝတ် ဝတ်ဆင်ထားသော စစ်တပ် စစ်ကြောင်းကို မှားယွင်း ပစ်ခတ်သွားခြင်း ဖြစ်ကြောင်းသိရသည်။

” မြောင်နဲ့ ရေစကြိုနယ် အစပ် ဇရပ်နီနဲ့ ရွှေလှန်နဲ့ အဲဒီအကြားတွေ အဲတာ ရေစကြိုဘက်ခြမ်းပေါ့။ မြောင်ဘက်ဆိုရင် မြစ်ဆုံရွာအနီးပေါ့။ အဲဒီကြားမှာ မှားပြီး ကျဲခံရတာ အဲဖြစ်စဥ်က ၉ နာရီ ခွဲလောက်က ဖြစ်တာ ၆၉ ကောင်ဆိုတော့ စစ် ကြောင်း တစ်ကြောင်းလုံးတော့ မကုန်ဘူး။ သူတို့က တစ်ကြောင်းကို ၁၀၀ ကျော် လောက်ပါတာ ဆိုတော့ ၆၉ ကောင်ဆိုတော့ တစ်ကြောင်းလုံး နီးပါးပေါ့။ အဲလို မှားပြီးကျဲပြီးတဲ့နောက် မော် တော် အင်အား ၃၀ နဲ့လာပြီးတော့ အလောင်းတွေ လာသယ်တယ်။ မနေ့က မြောင် ပရိမ္မရွာကို မီးရှို့နေတဲ့ စစ်ကြောင်းကလည်း ချက်ချင်း အဲဘက်ကို တက်သွားတယ်။ အခုဆိုရင်တော့ သူတို့ စစ် ကြောင်းတွေ ဆုံသွားပြီး ထိခိုက်ဒဏ်ရာတွေကတော့ ပါဦးမှာ။ အလောင်း လိုက်ထမ်းပေးတဲ့သူတွေက သူတို့ ရေတွက် လိုက်တဲ့ဟာက သူတို့ထမ်းပေးလိုက်ရတာ ၆၉ ကောင်လို့ အဲလိုလှမ်းပြောတယ်။ မနက်ကတော့ တိုက်ပွဲက ဖြစ်ခဲ့တယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူတို့က လေယာဥ်ခေါ်တာပေါ့။ လေယာဥ်ခေါ်တဲ့ အချိန်မှာ ကာကွယ်ရေး အဖွဲ့တွေက မရှိတော့ဘူး။ သူတို့ပဲကျန်ခဲ့တာ သူတို့ကလည်း အရပ်ဝတ်တွေ ဝတ်ထားတာ အရပ်ဝတ်တွေ ဝတ်ထားတော့ အဲဒါ သူတို့ပေါ်မှားပြီး ကျဲချသွားတာ။ အဲစစ် ကြောင်းက ရေစကြိုကို မီးရှို့ပြီးတော့ မြောင် နယ်ထဲကို ဝင်ပြီးတော့ မီးရှို့တယ်။ ရေစကြိုထဲကို ပြန်ထွက်တဲ့ အချိန်မှာ ထိတွေ့မှု ဖြစ်တဲ့အချိန်မှာပဲ လေယာဥ် အကူခေါ်ပြီး ကျဲခိုင်းတဲ့ဟာက ပြည်သူ့မေတ္တာ ဆူးတယ်လို့ပဲပြောရမှာပေါ့” ဟု CDSOM အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် Mi 35 ရဟတ်ယာဥ်ဖြင့် ၂၅ ကြိမ် ဗုံးကျဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များခဲ့ခြင်းဖြစ် ကြောင်း၊ ယင်း စစ်ကြောင်းသည် မြောင်နယ် ကျေးရွာ ၇ရွာ နှင့် ရေစကြိုနယ်ရှိ ကျေးရွာ ၄ ရွာတို့ကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ထွက်ခွာလာစဥ် မှားယွင်း တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် မြေပြင် အခြေ အနေကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s