လှိုင်တွင် စစ်ကား ဗုံးပစ်ခံရပြီး မီးလောင်သ ဖြင့် လူငယ်တချို့ကို စစ်တပ်က ပစ်ခတ်ဖမ်း ဆီး ၊ ယနေ့ ည ၉ နာရီ ၅ မိနစ်အချိန် စမ်း ချောင်း၊ သာကေတ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွှန့်အပါအဝင် မြို့နယ်အများစုတွင် ဗုံးပေါက် ကွဲ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် စစ်ကားဗုံးပစ်ခံရပြီး မီးလောင်သည့်အပြင် ဗုံးပေါက်ကွဲမှုများပါ ထပ်မံ ဖြစ်ပွားကြောင်း လှိုင်မြို့နယ်ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ် လှိုင်မြို့နယ် ဘူတာရုံလမ်းအနီးတွင် ဗုံးနှစ်ကွဲပေါက်ကွဲခဲ့ပြီး စစ်ကား တစ်စီး မီးလောင်သဖြင့် ဗဟိုလမ်းကို ပိတ်ဆို့ထားကြောင်း၊ စစ်ကား ဗုံးပစ်ခံရခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်း၊ ထို့ပြင် ည ၉ နာရီ ၅ မိနစ်အချိန်တွင် ဗုံးထပ် မံပေါက်ကွဲကြောင်း သိရှိရသည်။

“ဗုံးနှစ်လုံးကွဲပါတယ်။ ဒီည ၇ နာရီ ၂၀ မိနစ် ။ လှိုင်မြို့နယ် စီးကရက်စက်ရုံနောက်တွင် စစ်ကား၁စီးလက်ပစ်ဗုံးဖြင့်ပစ်ခံရတယ်ပြောတယ်။ ဆေးရုံကား ၂စီး ရောက်လာပါတယ်။ ပစ်ခတ်သံကြားရတယ်။ သေနတ်ထိပြီး ဒဏ်ရာရရှိသူ ၁ ယောက်ကို အောင်မေတ္တာလမ်းမကြီး ၁ ရပ် ကွက် လွင်ဆေးခန်းမှာ လာရောက်ကုသနေတုန်း ဖမ်းဆီးခံရတယ်။ ဒဏ်ရာရရှိသူ က သေနတ်ဒဏ်ရာ ၃ ချက်ရတယ်။ သွေးထွက်လွန်နေတယ်။ ဒဏ်ရာရရှိသူ အဖမ်းမခံရခင် လူငယ် ၂ ယောက် ကိုရိုက်ပြီး စစ်တပ်က ခေါ်ဆောင်လာတယ်” ဟု သိရှိရသည်။

စစ်ကားဗုံးပေါက်ကွဲပြီးနောက် လှိုင်မြို့နယ် ၅ ရပ်ကွက်ရှိ အထပ်မြင့်တိုက်များ မီးပိတ်ခိုင်းပြီး ထွက်မကြည့်ရန် တိုက်တွန်းကြောင်း၊ လှိုင်မြို့ နယ် ၈ ရပ်ကွက် လမ်းရှေ့ နှင့် ဘူတာရုံလမ်းများတွင် အကြမ်းဖက် အင်အားအများအပြားရောက်နေပြီး စစ်ဆေးမှုများပြုလုပ်နေ‌ကြောင်း ဒေသသတင်းရင်းမြစ် Hlaing Info က သတင်းဖော်ပြသည်။

လှိုင်မြို့နယ်၊ စစ်ကားဗုံးခွဲခံရမှုတွင် လူသေဆုံးမှု ရှိသည်ဟု သတင်းများကြားသိရသော်လည်း အတိအကျ မသိရသေးဟု လှိုင်မြို့ခံတစ်ဦးက ပြောသည်။

“စစ်ကား ဗုံးပစ်ခံရတာ လူသေတာတွေ့တယ်လို့လည်းကြားတယ်။ ဒါပေမယ့် သေချာမသိဘူး။ အပြင်လည်း ထွက်မကြည့်ရဲဘူး”ဟု လှိုင်ဒေ သခံတစ်ဦးက ဆိုသည်။

အလားတူ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီ ၅ မိနစ်အချိန် စမ်းချောင်းမြိုနယ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး သာကေတတွင်လည်း ယနေ့ည ၉ နာရီ ၅ မိနစ်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင်လည်း ယနေ့ည ၉ နာရီ ၅ မိနစ်အချိန် ဗုံးပေါက်ကွဲကြောင်း၊ ဗိုလ်တထောင်တွင်လည်း ယနေ့ည ၉ နာရီ ၅ မိနစ်အချိန် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီအချိန် လှိုင်သာယာမြိုနယ်၊ ၂ ရပ်ကွက် ၊ အောင်မင်္ဂလာမြိုပတ်လမ်းရှိ ရဲဝန်ထမ်းလိုင်းခန်းကို War of Hunter Revolution Force – WOH အဖွဲ့က အဝေးထိန်းဗုံး ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ACPLF Ranger ၏ အ ကူ အညီဖြင့် Attack Ranger Force က ဗုံးဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s