လှိုင်မြို့နယ်တွင် ပေါက်ကွဲမှုကြောင့် စစ်ကား ၁ စီးမီးလောင်၊ စစ်ကောင်စီတပ်မှ ပြန်လည်ပစ် ခတ်သဖြင့် ပြည်သူ ၁ ဦးဒဏ်ရာရရှိ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၇) ရပ်ကွက် ကမာရွတ်ဘူတာရုံအနီးတွင် ပေါက်ကွဲမှုဖြစ် ပွားရာမှ စစ်ကားတစ်စီးမီးလောင်ခဲ့ပြီး စစ်ကောင်စီတပ်မှပြန်လည်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေနတ် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်က ကမာရွတ်ဘူတာရှေ့၊ ဗဟိုလမ်း၌ အား ကောင်းသည့်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သဖြင့် စစ်ကားတစ်စီးမီးလောင်ခဲ့ပြီး ၎င်းတို့တိုက်ခိုက်ခံရသည့် အတွက် ပြန်လည်ပစ်ခတ်မှုကြောင့် သေနတ်ပစ်သံများပါကြားရကြောင်း ဒေ သခံများက ပြောသည်။

“တိုက်ပေါ်က လူတွေဆိုရင်တော့ မြင်ရလိမ့်မယ်၊ ပေါက်တဲ့အသံကလည်း အကျယ်ကြီး။ တိုက်တွေပါတုန် တယ်။ ပြီးတော့ အဲဒီလမ်းမှာ မီး လောင်နေတယ်ဆိုလို့စုံစမ်းကြည့်တာ စစ်ကားဖြစ်နေတယ်။ သေတဲ့ စစ်သားရှိတယ်လို့လည်းပြောတယ်။ အဲ့ဒါကြောင့် သူတို့ပြန်ပစ်တာ ထိသွားတဲ့သူရှိတယ်။ ဒါပေမယ့် အနီး ကပ်သွားကြည့်လို့မရတော့ မသိဘူး။ ဆေးရုံကားလာတယ်။ အဲ့ဒါကလည်း သေလားရှင်လားမသိတဲ့ သူတို့ စစ်သားကိုပဲခေါ်တင်သွားတာ။ ဖြစ်တဲ့အချိန်ကနေအခုအချိန်ထိ စခ(စစ်ကောင်စီတပ်သား)တွေနဲ့ အရမ်း ရှုပ်နေတယ်။ ပတ်ဝန်းကျင်က အဖမ်းခံရတဲ့သူတွေလည်းရှိတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုကြောင့် မီးလောင်ခဲ့သော စစ်ကားမှာ လှိုင်မြို့နယ်အတွင်းလုံခြုံရေးယူထားသော လှည့်ကင်း ကားဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နောက်ထပ်သတင်းရင်း မြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ကပစ်ခတ်သဖြင့် သေနတ်ဒဏ်ရာရရှိခဲ့သူမှာ လှိုင်မြို့နယ်တွင်းက ဆေးခန်းတစ်ခု၌ ဆေး ကုသမှုခံယူနေစဉ် လာရောက် ဖမ်း ဆီးခေါ်ဆောင်သွားကြောင်း သိရှိသူများက ပြောသည်။

ထို့နောက် ပေါက်ကွဲမှုဖြစ်ခဲ့သော ကမာရွတ်ဘူတာရုံရှေ့မှ ဗဟိုလမ်းအားပိတ်ဆို့လိုက်ပြီး အင်အားအများ အပြားဖြင့် ရှာဖွေစစ်ဆေးမှုများပြု လုပ်ခဲ့ရာ နောက်ထပ်ကျန်ရှိနေသော ဗုံးတစ်လုံးအား စစ်ကောင်စီတပ် မှ ရှာဖွေတွေ့ရှိခဲ့သဖြင့် ည ၉ နာရီ ၅ မိနစ်တွင် ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် လှိုင်သာယာမြို့နယ်(၂)ရပ်ကွက်၊ အောင်မင်္ဂလာမြို့ပတ်လမ်းရှိ ရဲဝန်ထမ်းလိုင်းခန်းကို War of Hunter Revolution Force – WOH အဖွဲ့က အဝေးထိန်းဗုံးတစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင်လည်း ပေါက်ကွဲသံများထွက်ပေါ်ခဲ့ ကြောင်း ဒေသခံများက ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s