ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲပြင်းထန်နေပြီး သံဖြူဇရပ်အမြောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ကူ၊ စစ်တပ်က လေကြောင်းတိုက် ခိုက်မှုများပါသုံးနေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယနေ့ နံနက်အစောပိုင်းမှစတင်၍ တိုက်ပွဲပြင်းထန်နေပြီး သံဖြူဇရပ် အမြောက်တပ်ကလည်း လက်နက်ကြီးများ ပစ်ကူနေကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များနှင့်ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်၍ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ စစ်တပ်ကဘက်က လက်နက်ကြီးများ ပစ်ကူနေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများကိုပါ အသုံးပြုနေကြောင်း ဒေသခံများက ဆိုသည်။

“အခု ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတယ်။ ဒီ မနက်အစော ၅ နာရီလောက်က သံဖြူဇရပ် အမြှောက်တပ်က လက်နက်ကြီးပစ်ကူနေတာ ၁၀ကြိမ်ထက်မနည်းတော့ဘူး။ အလုံးကြီးပစ်နေတာ။ မြေပါတုန်တယ်။ တိုက်လေယာဥ်တွေလည်းသွားတယ်။ လေကြောင်းကပါ ပစ်နေတာ။ ရဟက်ယာဥ်တွေလည်း သွားတာတွေ့တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေ အသေးစိတ်နှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက KNLA သတင်းရင်းမြစ်၊ PDF သ တင်းရင်းမြစ်များထံသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားလျက်ရှိသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s