တရုတ်-မြန်မာနယ်စပ်ဂိတ် မူဆယ် ဆင်ဖြူပေါက်အနီး စစ်တပ်လက်အောက်ခံ ပြည်သူ့ စစ်ပိုင် Top One KTV ကို ဗုံး ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ၂ ဦးဒဏ်ရာရ ၊ သတိပေးမှု မလိုက်နာလျှင် ပြင်းထန်သော တိုက်ခိုက်မှုများ ရှိ လာမည်ဟုဆို

ရှမ်းပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်ဂိတ် မူဆယ် ဆင်ဖြူပေါက်အနီး စစ်တပ်နှင့်ပြည်သူ့စစ်များ ပူးပေါင်းဖွင့်လှစ်ထားသည့် Top One KTV ကို ဗုံး ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ၂ ဦးဒဏ်ရာရရှိကြောင်း ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့(PSDA)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဗုံး ၃ လုံးဖြင့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ ပူးပေါင်း ဖွင့်လှစ်ထားသော Top One KTV ကို ဗုံး ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မင်္ဂလာမူဆယ်နဲ့ တရုတ်ပြည်နဲ့ မြန်မာပြည်အပေါက် ဆင်ဖြူပေါက်နားက စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေ ဖွင့်ထားတဲ့ Top One KTV စစ်ဆေးရေးဝင်နေတဲ့အချိန်မှာ ဖောက်ခွဲခဲ့တယ်။ အခြားတစ်ဖက်ကို အယောင်ပြပြီး ဒီဘက်ကို ဖောက်ခွဲလိုက်တာပါ။ 999 ကို ဖောက်ခွဲတယ်။ တစ်ဦးက ခြေထောက်ထိတယ်။ နောက်တစ်ဦးက ဒဏ်ရာပြင်းထန်တယ်” ဟု PSDA အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်တပ်နှင့် ပူးပေါင်းခြင်းမပြုရန် ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ရဲဘော်များကို စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက ဖိနှိပ်စစ်ဆေးမှုများ မလုပ်ဆောင်ရန် သတိပေးခြင်း ဖြစ်ကြောင်း၊ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ပိုင်ဆိုင်သော လုပ်ငန်းများကို စာရင်းနှင့်တကွ အတိအကျ သိရှိထားပြီးဖြစ်၍ စစ်တပ်နှင့်ပူးပေါင်းလျှင် ပြင်းထန်သော တိုက်ခိုက်မှုများရှိလာမည်ဟု PSDA က သတိပေးပြောဆိုသည်။

“ဒါက သတိပေးတာပါ။ တကယ်လို့ စစ်တပ်နဲ့ဆက်ပေါင်းပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ ရဲဘော်တွေကို ဖိနှိပ်မှုတွေ လုပ်လာရင် သူတို့ ပြည်သူ့ စစ်တွေ ဘယ်နေရာမှာ ဘာတွေ ပိုင်တယ်၊ ဘာလုပ်ငန်းတွေ လုပ်တယ်ဆိုတာ ကျနော်တို့ သိထားပြီးသားပါ။ ဒါလေး သတိပေးချင်တာပါ” ဟု PSDA တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s