ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသဘော ထားကို PPST ထောက်ခံ

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီးမှသာ သူမ၏နိုင်ငံရေးသဘောထားကို ထုတ်ပြောနိုင်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားကို ထောက်ခံ ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်မှုကော်မတီ PPST က ထုတ်ပြန်လာသည်ကို တွေ့ရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် PPST ၏အစည်းအဝေးတွင် လက်ရှိ နိုင်ငံတွင်ဖြစ်ပေါ်နေသော ဒေသတွင်းနှင့်ပြည်တွင်းဖြစ်ပေါ်တိုး တက်မှုများအပေါ် သဘောထားထုတ်ပြန်ချက်တွင် အထက်ပါအချက် ကို ထည့်သွင်းထားခြင်းဖြစ်သည်။

ထိုအချက်နှင့်ပတ်သက်ပြီး “သူ့နိုင်ငံရေး သဘောထားကိုမေးတာရှိတဲ့အပေါ်မှာ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ကိုတွေ့ပြီးမှပြောမယ်ဆိုပြီး ပြောတာပေါ့။ ဒီလိုပြောတာက သူ့ကို တစ်ယောက်ယောက်က သဘောထား ပေးပါလို့မေးတယ်လို့ ကျနော်ယူဆတယ်၊၊ ဒါ့ကြောင့် သူတုံ့ပြန်ချက်က နည်းလမ်းမှန်တယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ရှင်းဖို့ သူ့ရပ်တည်ချက်ကို ကျနော်တို့က ကြိုဆို‌ထောက်ခံတာပါ”ဟု PPST ဦးဆောင်အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏အခန်းကဏ္ဍသည် ပြည်တွင်း၌ ကြီးကြီးမားမားရှိနေပြီး ပြည်သူလူထုအပေါ်သို့ လည်းကောင်း၊ လက်ရှိတော်လှန်နေသည့် လူငယ်လူရွယ်များသို့လည်းကောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အပေါ်တွင်လည်းကောင်း ဩဇာအာဏာသက်‌ရောက်မှုရှိနေသေးကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက မှတ်ချက်ပြုသည်။

ထို့အပြင် PPST ၏ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသဘောထားကို ထောက်ခံ သည့် အချက်အပါအဝင် အချက်လေးချက်ပါဝင်သည်ကို တွေ့ရသည်။

အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာသည့် အင်ဒိုနီးရှားသမ္မတကို ကြိုဆိုဂုဏ်ပြုကြောင်းနှင့် မြန်မာ့နိုင်ငံ ရေး အကြပ်အတည်းများကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်သစ်ကို ဂုဏ်ပြုကြိုဆိုကြောင်း၊ အမေရိကန်သမ္မတအနေဖြင့် အာဆီယံဘုံသ ဘောတူညီချက် ငါးချက်အပေါ်တွင် စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းမှုအပေါ်တွင် ထောက်ခံကြောင်းနှင့် PPST အနေ ဖြင့် မြန်မာနိုင်ငံသို့ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့်ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်သွားရန်အသင့်ရှိနေကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် PPST သည် လက်ရှိအချိန်တွင် ၇ ဖွဲ့သာကျန်ရှိပြီး အခြားသုံးဖွဲ့မှာ သီးခြားရပ်တည်လျက်ရှိနေသည်ကို တွေ့ရ သည်။ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများဆက်လက် လုပ်ကိုင်နေ သည့်အဖွဲ့မှာ ခုနစ်ဖွဲ့ရှိနေသည်။

ထိုသို့လက်မှတ်ရေးထိုးထားသည့် PPST အဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းမှစပြီး ဂျပန် နီပွန်ဖောင်ဒေးရှင်းနှင့်ပူးပေါင်းကာ သက် ဆိုင်ရာဒေသအသီးသီးတွင် လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီများပေးနေပြီး အတွေ့အကြုံများစွာရှိသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကူအညီများပေးအပ်ရာတွင် ၎င်းတို့နှင့်ပူးပေါင်းဆောင်စေလိုသည်ဟု ဆိုသည်။

“ကျနော်တို့က လက်တွေ့မြေပြင်မှာလုပ်ပြီး အောင်မြင်ပြီးပြီ။ မြေပြင်မှာလုပ်နေတဲ့ သူတွေကိုအားကိုး မယ်ဆိုရင် သူတို့လိုချင်တဲ့ အကူအညီကို ကျနော်တို့ဆောင်ရွက်ပေးနိုင်တယ်။ ကျနော်တို့က လက်တွေ့ လုပ်တာ တစ်နှစ်ရှိနေပြီ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s