မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကျူး ကျော်ဟုဆိုကာ အိမ်ခြေ ၃၀၀ ဝန်းကျင်ကို စစ်တပ်က ဖျက် ဆီး

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၅/၆၊ ၅၈၊ ရထားလမ်းဘေးနှင့် မြောင်းဘေးရှိ နေအိမ် ၃၀၀ ဝန်းကျင်ကို ယနေ့တွင် ကျူးကျော်ဟုဆိုကာ ယနေ့တွင် စစ်တပ်၊ ရဲနှင့် စည်ပင် ဖျက်ဆီးသွားကြောင်း သိရှိရသည်။

“ရထားလမ်းဘေးရော မြောင်းဘေးရော ရပ်ကွက်တွေ အကုန်ဖျက်တာပဲ။ အဖျက်ခံရတာ အိမ်​ခြေ ၃၀၀ လောက်ရှိမယ်။ ဒီနေ့ ဖျက်နေကြတာ။ လာဖျက်တဲ့သူတွေက သေနတ်တွေနဲ့။ လုံခြုံရေးပေးပြီး ဖျက်ကြတာ။ လူတွေလည်း ငိုသူငိုပဲ။ ကမ္ဘာပျက်နေသလိုပါပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ကလည်း မန္တလေးမြို့၊ အိုးဘိုနှင့် သူရဲစျေး ဘူတာကြားရှိ နေအိမ်ရာပေါင်းများစွာကို ကျူး ကျော်ဟုဆိုကာ စစ်တပ်က ချက်ချင်းဖျက်ခိုင်း သဖြင့် ပြည်သူ ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s