မုံရွာမြို့တွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၅ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း Golden Eagle Force – Monywa V2 တပ်ဖွဲ့မှ နိုဝင်ဘာ ၁၃ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၂ရက်နေ့ ည ၈နာရီအချိန်တွင် မုံရွာမြို့ ၊ ဗိုလ်ချုပ်လမ်း ၊ ညောင်ရိပ်သာရပ်ကွက် အိုးရှင်းစင်တာအနီးရှိ မီးကင်းတဲအနီးနားတွင် မိုင်း သုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

“စကစ တွေက ၁၂ယောက်လောက်ရှိတယ်၊ အိမ်စီးကားနဲ့က တစ်စီး၊ အိုးရှင်း စင်တာဘက်ကနေထွက်လာကြတာဗျ ၊ ကျွန်တော်တို့ပွိုင့်အနားကိုရောက်တဲ့အချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ” ဟု Golden Eagle Force – Monywa V2 ခေါင်းဆောင် ဗိုလ်လင်းယုန်က မဇ္စျိမ ကိုပြောသည်။

တိုက်ခိုက်ခံရပြီး ခွေး(စစ်ကောင်စီတပ်) များမှ ၄၀မမ ၊ လက်နက်ငယ်များဖြင့် အနည်းငယ်ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ကြောင်းဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီး မကြာမီ ကားနှစ်စီး မီးပိတ်၍ ချက်ချင်းရောက်လာပြီး လဲကျနေသူများကိုတင်သွားကာ နောက်မနက်အစောပိုင်းတွင် ၎င်းနေရာကို သန့်ရှင်းရေးများ လာရောက်လုပ်ဆောင်သွားကြောင်း ဆိုသည်။

ယင်းတိုက်ခိုက်မှုကို Golden Eagle Force – Monywa – V2၊ Black Dragon Special Task Force ၊ Monywa Ranger Army၊ Farmer Revolution Force (FRF UG တပ်ရင်း – ၉)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

နိုဝင်ဘာ ၁၀ရက်နေ့ကလည်း မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက် ၊ စန္ဒကူးလမ်းစုံအနီးတွင် ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသော မိုင်းကို စစ်ကောင်စီ သတင်းပေးတစ်ဦး မှ ဓာတ်ပုံရိုက်၍ ကင်းထောက်နေစဉ် Golden Eagle Force – Monywa – V2 နှင့် မဟာမိတ်များမှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s