လွိုင်ကော်၊ ဝက်လက်၊ မတ္တရာနှင့် ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၈ ဦးသေဆုံး၊ လက် နက်များ သိမ်းဆည်းရမိ

ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ မန္တလေးတိုင်း မတ္တရာမြို့နယ်နှင့် ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းများ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၈ ဦးသေဆုံးကြောင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

လွိုင်ကော်တွင် ရိက္ခာလာပို့သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦးသေဆုံး

============================================

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ စစ်တပ် ခြေကုပ်စခန်းသို့ အရပ်ဝတ်ဖြင့် ရိက္ခာလာပို့သည့် စစ်သားများ ပစ်ခတ် တိုက်ခိုက်ခံရပြီး အရာရှိ တစ်ဦးအပါအဝင် ၃ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် လောပိတမြို့ ရှိ အကြမ်းဖက် စစ်တပ် ခြေကုပ်စခန်းတစ်ခုကို လက်နက်အပြည့်အစုံဖြင့် အရပ်ဝတ်များ ဝတ်ဆင်ကာ ရိက္ခာလာပို့သည့် စစ်သားများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး အဆင့်ရှိသူ ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ခြေကုပ်စခန်းသည် လောပိတမြို့၊ ဘီလူးချောင်းအနီးတွင်ရှိပြီး လောထော်တောင်ပေါ်စခန်းကို ရိက္ခာပို့ရန် ရောရှိလာစဥ် KNDF B (10) မှ ကြားဖြတ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၁၀ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ လောပိတမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ကူပေးခဲ့သောကြောင့် စစ်သား ၂ ဦး လွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ခိုက်မှု အတွင်း MA-1 အမျိုးအစား သေနတ် (၁)လက် ၊ ကျည်ဘောက် (၄) ခု ၊ ကျည်ဆံအချို့နှင့် ဖုန်း (၁)လုံးတို့ သိမ်းဆည်း ရမိခဲ့ကြောင်း KNDF B 10 မှ ထုတ်ပြန်ထားသည်။

ဝက်လက်တွင် စစ်တပ် စစ်ကြောင်း ပစ်ခတ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

============================================

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးရွာကို မီးရှို့သွားသော စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာတွင် လူသတ် မီးရှို့ဖျက်စီးပြီး ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျားသစ်နက် ပျောက်ကျားတပ်ဖွဲ့နှင့် ပြည်သူကာကွယ်ရေး တပ်ဖွဲ့များ ပူပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ကျားသစ်နက် ပျောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

မတ္တရာတွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၉ ဦးသေဆုံး

============================================

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေတလိုင်းရွာမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မတ္တရာမြို့နယ်၊ မြွေတလိုင်းရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တောကြီးမြွေပွေး တပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောကြီးမြွေးပွေး တပ်ဖွဲ့နှင့် ဒေါင်းစစ်သည် (ရွေဘိုခရိုင်အမှတ် ၁၇ တပ်ရင်း)တို့မှ ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရ

============================================

ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ရုပ်ဆိုင်ရွာ ရိုးမအစပ်ထိ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ က ပထမအကြိမ် ပဒေသာမိုင်း ၆ လုံး ဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ညနေ ၄ နာရီခန့်တွင် ဒုတိယအကြိမ် တပ်ရင်း ၃၆၀၁ တပ်ခွဲ ၃ က မိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးထက်မနည်း အပြင်းအထန် ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s