ဝက်လက်မြို့နယ် တိုက်ပွဲ၌ စစ်ကောင်စီတပ် သား ၅ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကို မီးရှို့ပြီး ကျောင်းဖြူကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဝက်လက်မြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးကြောင်း တောကြီးမြွေပွေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၃ရက်နေ့က ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“စစ်ကြောင်းက ဝက်လက်မြို့ဘက်ကလာတဲ့စစ်ကြောင်း ၊ ကြာပြီ ။ကျေးရွာတွေကို လိုက်ပြီးစစ်ကြောင်းထိုးနေတာ”ဟု တောကြီးမြွေပွေးအဖွဲ့ခေါင်းဆောင် ဗိုလ်တီက ဆိုသည်။

တိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ဒဏ်ရာရရဲဘော်များရှိသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

အဆိုပါထိတွေ့တိုက်ပွဲကို တောကြီးမြွေပွေး ၊ ဒေါင်းစစ်သည်၊ ကောင်းကင်တော်လှန်ရေး အင်အားစု၊ ဗိုလ်ကျားကြီး၊ တော်လှန်ရေးညီနောင်များနှင့် ပ.က.ဖ များ စုပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s