ဟုမ္မလင်းတွင် ၃ ရက်တာ တိုက်ပွဲအတွင်း စစ် တပ်ဘက်မှ ၇၀ ခန့် သေဆုံး ဟုဆို

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပင်ခုတ်ရွာတွင် အကြမ်းဖက် စစ်တပ်၊ SNA လက်နက်ကိုင် ပူးပေါင်းတပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၇၀ ဦးခန့် သေဆုံးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် မိုးကြိုးကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ဟုမ္မလင်းမြို့နယ်ရှိ PDF တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသော ပင်ခုတ်ရွာကို အကြမ်းဖက် စစ်တပ်၊ SNA (ရှမ်းနီ) လက်နက်ကိုင် အဖွဲ့ ပူးပေါင်းတပ်များက အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း မဟာမိတ်တပ်ပေါင်းစုနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် SNA ရှမ်းနီ လက်နက်ကိုင် အဖွဲ့များက ပင်ခုတ်ကျေးရွာမှ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်နှင့် SNA (ရှမ်းနီ) လက်နက်ကိုင် အဖွဲ့များ ပင်ခုတ်ရွာမှ ပြန်လည် မဆုတ်ခွာမှီ ပြည်သူပိုင်နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပင်ခုတ်ရွာရှိ ကျန်းမာရေး အဆောက်အဦး ခေါင်းမိုးကို ထိမှန်ကာ ပြိုကျခဲ့ကြောင်း သိရသည်။

” ၁၁ ရက်နေ့ ညပိုင်းက စပြီး တိုက်ပွဲဖြစ်ပွားခဲ့တာ အကြမ်းဖက် စစ်ကောင်စီနဲ့ SNA ရှမ်းပြည် လက်နက်ကိုင်အဖွဲ့ ပူးပေါင်းတိုက်တွေက အင် အား အလုံးအရင်းနဲ့ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာပေါ့။ ၁၃ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ တိုက်ပွဲပြီးသွားတယ်။ ပင်ခုတ်တို့ ဘာတို့ဆိုတာက ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေး တပ်ရင်း တပ်ဖွဲ့တွေ ရှိတယ်လေ သူတို့ဘက်က အကြမ်းဖျင်းသိရတာတော့ ၇၀ ကျော် ၈၀ လောက်ကျတယ်။ အခုတော့ အကြမ်းဖက် စစ်တပ်နဲ့ SNA အဖွဲ့တွေ နောင်ပိုအောင်ရွာကို ပြန်ဆုတ်သွားကျပြီ” ဟုမ္မလင်းမြို့နယ် မိုးကြိုး ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ပြောဆိုသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ နတ်နန်းရွာတွင်လည်း SNA (ရှမ်းနီ) လက်နက်ကိုင်အဖွဲ့နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနတ်နန်းရွာအတွင်းရှိ ပြည်သူများကို SNA အဖွဲ့က ရွာလုံးကျွတ် အတင်းအကျပ် ဖိအားပေး ထွက်ခွာ ခိုင်းထားသောကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း သိရသည်။

“ရွာလုံးကျွတ်ထွက်ခွာခိုင်းတာကလည်းအတင်းအဓမ္မခြိမ်းခြောက်တာပါ။ သူတို့ဘက်က ပြည်သူဘက်ကိုငဲ့ညှာပြီးရှောင်ခိုင်းတယ်ထင်နေကြဦးမယ်။ သူတို့မှာငဲ့ညှာသနားစိတ်မရှိဘူး။ ရှမ်းနီတိုင်းရင်းသားအချင်းချင်းလည်းသတ်ဖြတ်အနိုင်ကျင့်တာပါပဲ” ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s