အင်းတော်မြို့တွင် ဒေသခံ ၁၀ဦးကျော်ကို ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးပြီး ဆိုင်ကယ်များအား စစ်ကောင်စီတပ် ပြန်ရွေးခိုင်း

စစ်ကိုင်းတိုင်း ၊ ကသာခရိုင်၊ အင်းတော်မြို့တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူအယောက် ၂၀ ခန့်ကို ဆိုင်ကယ်နှင့်အတူဖမ်းဆီးပြီး ဆိုင်ကယ်များအား ငွေဖြင့် ပြန်ရွေးခိုင်းနေကြောင်း Indaw Revolution-IR ထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းအချိန်ခန့်က အင်းတော်မြို့ပေါ် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ဆိုင်ကယ်ဖြင့် သွားလာနေသည့် ဒေသခံပြည်သူများအား ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသည်။

“ဆိုင်ကယ်ဦးထုတ် မဆောင်းလို့လား၊ အမျိုးသားနှစ်ယောက်တွဲ စီးလို့လား၊ဆိုင်ကယ်လိုင်စင် မပါလို့ ဖမ်းတာလားဆိုတာ စုံစမ်းနေဆဲပါခင်ဗျ။ တချို့တွေကိုလည်း ပိုက်ဆံနဲ့ပြန်ရွေးခိုင်းပါတယ်။ စစ်ကောင်စီတပ်တွေက ဒီလိုမျိုး ထင်ရာစိုင်းနေတဲ့အချိန်မှာ ပြည်သူများ သတိနဲ့သွားလာကြပါခင်ဗျ” ဟု Indaw Revolution-IR မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယင်းသို့ ဖမ်းဆီးခံရသူများတွင် ဆယ်တန်းကျောင်းသားတစ်ဦးနှင့် CDM ကျောင်းဆရာတစ်ဦးလည်းပါဝင်ပြီး CDMကျောင်းဆရာအား ရိုက်နှက်စစ်ဆေးနေသည်ဟုလည်း ဆိုသည်။

အလားတူ ယခုရက်ပိုင်းအတွင်း၌ပင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ နှင့် ကချင်ပြည်နယ် ဖားကန့်မြို့၊ မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသိမ်းယူထားသည့် ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို ပြန်လည်ပေးအပ်ခြင်းမရှိဘဲ သိမ်းဆည်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ရက်နေ့ နံနက် ၈နာရီခန့်တွင်လည်း ကောလင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်များမှ ဆိုင်ကယ် အစီးရေ ငါးဆယ်နီးပါးအား ဖမ်းဆီးသိမ်းဆည်းပြီး ကောင်းသည့်ဆိုင်ကယ်များကို ၎င်းတို့ကင်းပတ်ရာတွင် အသုံးပြုကာ အနည်းငယ်ဟောင်းနေသည့် ဘီးများကို ပြန်ရွေးခိုင်းနေကြောင်း Kawlin Revolution- KR ထံမှ သိရသည်။

ထို့အပြင် ဖားကန့်မြို့ပေါ်တွင် နိုဝင်ဘာလ ၁၂ရက်နေ့က စစ်ကောင်စီတပ်များမှ ဖားကန့်မြို့မရဲစခန်းရှေ့တွင် ဖမ်းဆီးခဲ့သည့် ဆိုင်ကယ်နှင့် ကားများကို ပိုက်ဆံဖြင့် လာရောက်ရွေးယူခိုင်းနေကြောင်း ဖားကန့်မြို့နေ ဒေသခံတစ်ဦးထံမှ သိရသည်။

ဖမ်းဆီးထားသည့် ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ်သုံးသိန်း နှင့် ကားတစ်စီးလျင် ငွေကျပ် ရှစ်သိန်းဖြင့် ရွေးယူခိုင်းနေပြီး ဖမ်းဆီးခံခဲ့ရသည့် ကားနှင့် ဆိုင်ကယ် စုစုပေါင်း အစီး ၃၀ ခန့်ရှိကြောင်း ၎င်းကဆိုသည်။

ထို့အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့တို့တွင် နိုဝင်ဘာလ ၆ရက်နေ့တွင် ဆိုင်ကယ်အစီးရေ ၆၀ကျော်နှင့် နိုဝင်ဘာလ ၈ရက်နေ့တွင် ဖမ်းဆီးခံထားရသည့် ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအား ပြန်လည်ပေးအပ်ခြင်းမရှိဘဲ သိမ်းဆည်းထားကြောင်းသိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်မှ မြစ်ကြီးနားမြို့တွင် ကားနှင့် ဆိုင်ကယ်များကို လိုင်စင်မဲ့ အကြောင်းပြချက်ဖြင့် စစ်ဆေး ဖမ်းဆီးသိမ်းယူမှုများ ပြုလုပ်မှုအပေါ် Myitkyina Anti SAC Force အဖွဲ့က တုံ့ပြန်ရှင်းလင်းသွားမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s