Monthly Archives: Nov 2022

ပုဏ္ဏားကျွန်း-ကွန်းတောင် ရထားဘူတာတွင် တပ်စွဲထားသည့် စစ်တပ်စခန်းကို AA ဝင်တိုက်၊ စစ်တပ်ဘက်မှ အထိနာနေ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ရထားဘူတာတွင် စစ်ကောင်စီတပ်စွဲထားသည့် စခန်းကို ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့၍ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များကပြောသည်။

တိုက်ပွဲဖြစ်ပွားမှုမှာ ကွန်းတောင်ဘူတာထဲတွင် တပ်စွဲနေထိုင်သည့် စစ်ကောင် စီတပ်ဖွဲ့ကို AA ဖက်မှ ဝင်ရောက်တိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီဖက် အထိခိုက်များနိုင်ကြောင်း ကွန်တောင်ဒေသခံတစ်ဦးက ပြောသည်။

“ဒီကနေ့ မနက်ပိုင်းကစဖြစ်ကတာ။ ဘူတာမှာနေတဲ့ စစ်ကောင်စီတပ်ကို AA ကဝင်တိုက်တာမျိုးပါ။ နှစ်ဖက်အထိခိုက်ဘယ်လိုရှိလည်းဝောာ့မသိဘူး။ ဒါပေမဲ့ စစ်ကောင်စီဖက်ကတော့ အထိအခိုက်များနိုင်တယ်။ AA ဖက်က သွားပြီးတော့ တိုက်တာကို” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်မှာ ယနေ့နံနက် ၅ နာရီခွဲအချိန်ခန့်မှ စတင်ခြင်းဖြစ်ပြီး နာရီဝက်ခန့်အကြာဖြစ်ပွားခဲ့ကြသည်ဟု ဒေသခံများကဆိုသည်။

ထို့နောက်ပိုင်းတွင် စစ်ကောင်စီဖက်မှ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်ခဲ့ရာ ပဒေသာကျေးရွာနှင့် ကွန်းတောင်ဖက်သို့ ကျရောက်မှုတို့ရှိခဲ့သည်ဟု ပဒေသာဒေသခံတစ်ဦးက ပြောသည်။

“ဘူတာရုံကပစ်တာလို့ခန့်မှန်းရတယ်။ ရွာအနီးဝန်းကျင်ကို ၂ လုံးကျပါတယ်။ ပါဒလိတ်မှာရှိတဲ့ တပ်ကပစ်တာ ကွမ်းတောက်ဖက်ကိုကျလို့ ဂဏန်းကန်လုပ်သားတစ်ဦး ဒဏ်ရာရသွားတာရှိတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူခိုင်သုခအား ယနေ့ မနက်ပိုင်းက ဆက်သွယ်မေးမြန်းရာတွင် တိုက်ပွဲဖြစ်ပွားသည်ဆို သည်ကို မသိရသော်လည်း ယမန်နေ့ က စကခ(၉) ဌာနချုပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းဆိုသည်။

“တိုက်ပွဲဖြစ်လား မဖြစ်ဘူးလားဆိုတာတော့ ကျနော်လည်း မသိရသေးဘူး။ ဌာနချုပ်ကို မေးရဦးမယ်။ ဒါပေမဲ့ မနေ့ ကတော့ ကျောက်တော် စကခ(၉) ဌာနချုပ်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တယ်။ ပြီးတော့ သူတို့ရဲ့ လက်အောက်ခံ ၃၇၄၊ ၃၇၅၊ ၃၇၆ အဲ့ဒီတပ်ရင်းတွေက ကုလားတန်းမြစ်ကမ်းတစ်လျှောက်မှာရှိနေတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာတွေရှိတယ်။ ပြီးတော့ ပုဏ္ဏားကျွန်းဖက်က ရေဖြူကန်ဖက်ကို ၅၅၀ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခဲ့တယ်” ဟုပြောသည်။

ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ခတ်မှုမှာ ပုဏ္ဏားကျွန်းအပြင် မြောက်ဦးဖက်တွင်လည်း ပစ်ခတ်မှုတို့ရှိခဲ့ပြီး မြောက်ဦး သင်းကျိတ်တော်တောင်နှင့် ပေါက်တောပြင်အနီးရှိ ဘုရားတောင်တို့မှ ၉ နာရီဝန်း ကျင်ခန့်တွင် ဆက်တိုက်ပစ်ခတ်မှုရှိခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် စစ်ကောင်စီ၏ ရိက္ခာတင်ကား ၂ စီးကို ရက္ခိုင့်တပ်တော်မှ မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထိုအခြေနေကြောင့် စစ်ကောင်စီမှ အနီးဝန်းကျင်ရှိရွာများသို့ ဦးတည်၍ လက် နက်ကြီး ဆက်တိုက်ပစ်ခတ်ခြင်း၊ ကျေးရွာများသို့ ဝင်ရောက်မီးရှို့ခြင်း၊ ဒေသခံများကိုသတ်ဖြတ်ခြင်းတို့လုပ်ဆောင်ခဲ့သည်။

ပုဏ္ဏားကျွန်း-ကျောက်တော် ကားလမ်းကိုလည်း စစ်ကောင်စီမှ နိုဝင်ဘာ ၁၀ ရက်နေ့ကစ၍ လက်ရှိအချိန်ထိပိတ်ဆို့ထားဆဲဖြစ်ပြီး စစ်ဘေးရှောင်များအပါ အဝင် ခရီးသည်များ၊ ကားသမားများ များစွာအခက်ကြုံလျက်ရှိကြသည်။khit thit

ဘူးသီးတောင်၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး လက်ပစ်ဗုံးဖောက်ခွဲပြီး သတ်သေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ (၈) တပ်ဖွဲ့ဝင်တယောက်ဟာ နိုဝင်ဘာ ၁၄ ရက် မနက် ၁၀ နာရီလောက်က  လက်ပစ်ဗုံးဖောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ရဲတပ်ရင်းနှင့်နီးစပ်သူတွေဆီက သိရပါတယ်။

“မနေ့က မနက်ပိုင်းမှာဖြစ်သွားတာ လို့သိရတယ်။ လက်ပစ်ဗုံးဖောက်ပြီး သတ်သေသွားတာတဲ့။ သေဆုံးတာ တယောက်တည်း၊ နောက်ထပ်တပ်ဖွဲ့ဝင်တွေ မပါဘူးလို့ သိရတယ်။ ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး။ သူက အရက်သေစာလည်း မသောက်စားတတ်ဘူး။ လူနဲ့လည်း ရန် ဖြစ်တာမရှိဘူး” လို့ အမည်မဖော်လိုတဲ့ရဲအရာရှိတဦးက အတည်ပြုပြောပါတယ်။  

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူမှာ အသက် ၃၀ နှစ်အရွယ် တပ်ကြပ်စိုးပိုင် ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲမူကြောင့် ဦးခေါင်းနောက်စိ ပွင့်ထွက်ဒဏ်ရာရရှိပြီး ဘူးသီးတောင်ဗျူဟာစစ်ဆေးရုံမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားတာလို့ နီးသူတွေဆီက သိရပါတယ်။

“ဆေးကုသယင်းသေဆုံးသွားတာ လို့သိရတယ်ဗျ။ ဘူးသီးတောင်က မွတ်ဆလင်လူငယ်တွေ တည်တောင်ထားတဲ့ ဆီမီးခွက် နာရေးကူညီမှုအ သင်းကို အကူညီတောင်ပြီး မနေ့ကညနေမှ သင်္ဂြိုဟ်လိုက်ကြတယ်” လို့ ရဲအရာရှိက ပြောပါတယ်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၈) ဟာ ဘူးသီးတောင်-အငူမော်လမ်းမှာ တည်ရှိတဲ့ စခန်းတခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကလည်း မောင်တောမြို့အဝင်ရှိ နခခ(၅)အတွင်း လက်နက်ပေါက်ကွဲမှုတခုဖြစ်ခဲ့တာကြောင့် စစ်ကောင်စီအရာရှိ ၂ ဦးအပါအဝင် ၆ ဦး ဒဏ်ရာအပြင်းအထန်စွာရရှိပြီး မောင်တောခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမူခံယူခဲ့ရပါသေးတယ်။ DVB

လက်ရှိစစ်ရေးအခြေအနေများအရ ကလေး-တမူးလမ်းကို အသုံးမပြုကြရန် ဒေသခံ PDF အဖွဲ့များက အရေးပေါ်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း လက်ရှိစစ်ရေးအခြေအနေများအရ ကလေး-တမူး လမ်းမကြီးအား ယခုရက်သတ္တပတ်အတွင်း ဖြတ် သန်းသွားလာခြင်း လုံးဝမပြုကြရန် ကလေးနှင့် တမူး PDF အဖွဲ့အသီးသီးက ထုတ်ပြန်ထားသည်။

အဆိုပါ ရက်သတ္တပတ်မှာ နိုဝင်ဘာလ ၁၉ ရက်အထိ သတ်မှတ်ပြီး အရေးပေါ်ကျန်းမာရေးကိစ္စများမှအပ ခရီးသွားခြင်းမပြုကြရန်ပိတ်ပင်တားမြစ်ထားပြီး ထုတ်ပြန်ချက်ကို လိုက်နာခြင်းမပြုဘဲ ခရီးသွားလာပါ က ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို တာဝန်ယူဖြေရှင်းပေးမည်မ ဟုတ်ကြောင်းလည်း ကလေးနှင့် တမူး PDF အဖွဲ့အသီးသီးက မေတ္တာရပ်ခံသတိပေးထားသည်။

“စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ အိန္ဒိယဘက်က စစ်လက်နက်ပစ္စည်းတွေကို တမူး ကနေသယ်ပြီး ကလေးမြို့ထဲ ဝင်လာဖို့ရှိတယ်။ စစ်ရေးတင်းမာပြီး အချိန်မရွေးတိုက်ပွဲများဖြစ်ပွားနိုင်လို့ မိဘပြည်သူတွေ ထိခိုက်မှုမရှိအောင် ကလေး-တမူးလမ်းအသုံးမပြုဖို့ မေတ္တာ ရပ်ခံတာပါ”ဟု PDF Kalay တပ်ရင်း (၁၂) မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ဒေသတွင်းစစ်ရေးအခြေအနေအရ ကလေး-တမူးလမ်း အသုံးပြုမှုကိုပိတ်ပင်ခြင်းမှာ ပွင့်လင်းရာသီ အတွက် ကလေးနှင့် တမူး PDF အဖွဲ့၏ ပ ထ မဆုံးသတိပေးထုတ်ပြန်ချက်ဖြစ်ပြီး ယခုထုတ်ပြန်ချက်မှာ နောက်ထပ် တစ်စုံတစ်ရာထုတ်ပြန်ချက်မထုတ်ခြင်း အကြုံးဝင်သည်ဟုလည်း အဖွဲ့အသီးသီးက အသိပေး ထားသည်။mizzima

မင်္ဂလာဒုံတွင် ဒုဗိုလ်မှူးကြီးဟောင်း လှဝင်း၏ တိုင်ကြားချက်အရ ထောက်ကြန့်တိုးချဲ့ ၁ ရပ် ကွက်အတွင်းရှိ အိမ်ခြေ ၁၄၁၀ လုံးကို ဖျက် ဆီးရန် စစ်ကောင်စီက စနစ်တကျ လုံခြုံရေး ပြင်ဆင်နေ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၄၁၀ လုံးခန့်ကို စစ်ကောင်စီက ကျူးကျော်ဟုဆိုကာ ဖျက်ဆီးဖယ်ရှားရန် စနစ်တကျ လုံခြုံရေး ပြင်ဆင်နေကြောင်း ရဲတပ်ဖွဲ့၏ လျှို့ဝှက် ကြေးနန်းအရ သိရှိရသည်။

အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး လှဝင်း၏ တိုင်ကြားမှုကြောင့် ထောက်ကြန့် တိုးချဲ့ ၁ ရပ်ကွက်အတွင်းရှိ ကျူးကျော်ဟုဆိုကာ အဆောက်အဦး ၁၄၁၀ လုံးကို တစ်ပြေးညီ ဖျက်သိမ်းရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း ဖျက်သိမ်းသင့်ဟု မှတ်ချက်ပေးပြီး ရန်ကုန်တိုင်းစစ်ကောင်စီကပါ ကျူးကျော်ရှင်းလင်းရေး အစီအမံများ တင်ပြရန် ရဲတပ်ဖွဲ့ကို အကြောင်း ကြားလာကြောင်း သိရှိရသည်။

ထို့ကြောင့် ထောက်ကြန့် တိုးချဲ့ ၁ ရပ်ကွက်ရှိ နွယ်ခွေဖြတ်လမ်း၊ လမ်းသစ်လမ်း၊ ဗိုလ်တေဇလမ်း၊ စွယ်တော်လမ်း၊ ပတ္တမြားလမ်း၊ လမ်းသွယ် ၄၁ လမ်း၊ အားကစားကွင်းမြေတို့ရှိသော အခိုင်အမာနှင့် ယာယီ တည်ဆောက်ထားသော နေအိမ် ၁၄၁၀ လုံးကို ဖျက်ဆီးဖယ်ရှားမည်ဖြစ် ကြောင်း၊ ထို့အတွက် လုံလောက်သော အင်အားဖြင့် လုံခြုံရေးများကို ရဲတပ်ဖွဲ့က စီစဉ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

“ရပ်ကွက်ကိုတော့ အကြောင်းကြားတဲ့ စာမလာသေးဘူး။ ထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်မှာက အိမ် ကြီးအိမ်ကောင်း တွေအတော်များတယ်။ မင်္ဂလာဒုံ ဘိုခြံဘက်မှာ ရပ်ကွက် ၅ ခုတော့ ၁၈ ရက်နေ့ဖျက်ဖို့ စာထုတ်ထားပြီ။ ဒီထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်လည်း ဖျက်မယ်ဆိုပြီး မြေလာတိုင်းတာတွေ လုပ်နေတယ်။ ဖြစ်စဉ်က ၂ ခု မတူဘူး။ ကျမတို့ ထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်မှာ နေလာတာ အနှစ်၂၀ကျော်ပြီ” ဟု ဒေသ ခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် စံသမာဓိရပ်ကွက်၊ မြဲမြံအောင်ရပ်ကွက်၊ ဂုံညှင်းနီရပ်ကွက်၊ ဓမ္မပါလ ရပ်ကွက်၊ မြ၀တီစိုက်ခင်းရပ်ကွက်ရှိ လူဦး ရေ ၅ သောင်းနီးပါး နေထိုင်သော အိမ်ခြေ ၁ သောင်းနီးပါးကိုလည်း စစ်တပ်ပိုင်မြေ၊ မြေဧရိယာ ၅၆၀ ဒသမ ၀၆ ဧက ခန့်တွင်ပါဝင်နေသည်ဟုဆိုကာ နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံး ဖယ်ရှား ဖျက်သိမ်းရန်နှင့် ဖယ်ရှားခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဟု စစ်တပ်က နိုဝင် ဘာ လ ၁၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။ khit thit

မိုးမောက်တွင် အုပ်ချုပ်ရေးမှူးဟောင်း ၂ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက အုပ်ချုပ်ရေးမှူးဟောင်း နှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ အုပ်ချုပ်ရေးမှူဟောင်းတွေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

၁၅ မိုင်ရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျန်မာဂမ်မော် နဲ့ ဦးလမာယော်ထုံတို့ကို  မိုးမောက်အခြေစိုက် ခလရ ၄၃၇ က နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ နီးစပ်သူက “မနက် ၇ နာရီလောက်က စစ်တပ်က အုပ်ချုပ်ရေးမှူးဟောင်းတွေကို လာဖမ်းသွားတာ။ ဦးလမာယော်ထုံကိုတော့ ညနေပိုင်းမှာ ပြန်လွှတ်ပေးတယ်။ ဦးဂျန်မာဂမ်အောင်ကိုတော့ ဖမ်းထားသေးတယ်။ ဘာလို့ ဖမ်းတာလဲတော့ မသိရဘူး”လို့ ပြောပါတယ်။

ဦးဂျန်မာဂမ်အောင်ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေတယ်လို့ သိရပါတယ်။

မိုးမောက်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ စစ်ကောင်စီတ်တို့ အောက်တိုဘာ ၂၂ ရက်က  စပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ဒေသခံ နှစ်ထောင်ကျော်ဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရပါတယ်။ DVB

ဆားလင်းကြီးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာ ၃ နေရာကို ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာသုံး နေရာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

ဆားလင်းကြီးမြို့ရှိ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်တရားရုံးများအတွင်းသို့ နိုဝင် ဘာလ ၁၄ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ စစ်ကောင်စီတပ်စွဲထားတဲ့ ဆားလင်းကြီးမြို့နယ်က နေရာသုံးနေရာကို ခြောက်ကြိမ်မြောက် တိုက်ခိုက် တာဖြစ်ပါတယ်။ အထိအခိုက် ရှိနိုင်ပါတယ်” ဟု တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကမဇ္စျိမကို ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့က ၈၀ မမ လေးလက်၊ ၁၂၀ မမ နှစ်လက်ဖြင့် လက်နက်ကြီး အလုံးရေ ၃၂ လုံးအထိ အသုံးပြုကာ စစ်ကောင်စီတပ်စွဲထားသည့်နေရာသုံးနေရာကို ခြောက်ကြိမ်မြောက်အဖြစ် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်မှုများတွင် ဆားလင်းကြီးမြို့မရဲစခန်းအတွင်း လက်နက်ကြီး ရှစ်လုံးကျရောက်ခဲ့ကာ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်တရားရုံးအ တွင်း လက်နက်ကြီးငါးလုံးစီကျရောက်ခဲ့ကြောင်း သိရသည်။

“ ဒီကောင်တွေက မြို့ပေါ်မှာ ခွဲပြီး တပ်စွဲထားတာ။ ရဲစခန်းရှေ့က ခန်းမမှာလည်း ရှိတယ်။ အဲဒီရှေ့က မူလတန်းကျောင်းမှာလည်း ရှိတယ်။ ရဲစ ခန်းအနောက်က တရားရုံးနဲ့ ထွေအုပ်ရုံးမှာလည်း ရှိတယ်။ စက် လေးတွေ ဆင်ထားတဲ့နေရာတွေလည်း ရှိတယ်” ဟု ပြောက်ကျားတပ်ဖွဲ့ တာ ဝန်ခံကပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ ၄၀ မမများဖြင့် နှစ်ကြိမ် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာ ကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ကောင်စီတပ်စွဲထားသည့်နေရာများအား ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ယနေ့ နို ဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့နယ်အတွင်း မီးများ ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့် ၎င်းတို့တပ်စွဲထားသည့် နေရာများပျက်စီးမှုကို အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း ကာကွယ်ရေးတပ်တာဝန်ခံက ဆိုသည်။

“တတ်နိုင်သလောက် လုပ်နိုင်သလောက် အစွမ်းကုန်တိုင်းပြည်အတွက် အလုပ်လုပ်ပေးပါမယ်လို့ ပြည်သူ တွေကို အသိပေးချင်ပါတယ်” ဟု ၎င်း က ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ဓါးမဆိုင်းတပ်မတော် (D.S.M.A) ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ တပ်ခွဲ (၂) နှင့် တပ်ခွဲ (၄) တို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်း ဖြစ်သည်။ mizzima

ခင်ဦးသို့ စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်နေ၍ ပြည်သူထောင်ချီ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ် ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးကြောင်း Lightning Guerrilla Revolution Forceမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ ရွာသစ်ကုန်း စစ်ကောင်စီတပ်စခန်းမှ ရှေ့ပြေး ထွက်လာသော စစ်ကြောင်းကို ခင်ဦးမြို့နယ် ဆေးပေါင်းတိုက်နှင့်သရက်ပင်စုအကြားတွင် ရှေ့ထွက်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးခန့် သေဆုံးကြောင်း L.G.R.Fအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

“ဆေးပေါင်းတိုက်နှင့် သရက်ပင်စုအကြားမှာ ရှေ့ထွက်မိုင်း( ၄)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ပါတယ်။ အနည်းဆုံး ခွေး ၇ ကောင်ခန့် ငရဲပြည်သို့ ရောက်သွားပါတယ်။ ရေဦးမြို့တိုင်းရင်းဆေးရုံမှာရှိတဲ့ ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပါတယ်” ဟု L .G.R.F တာဝန်ရှိသူက ဆိုသည်။

ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့် အချိန်ကစ၍ ရေဦးမြို့မှ စစ်တပ်နှင့် ရွာသစ်ကုန်းစခန်းမှ ပျူစောထီး စုစုပေါင်း အင်အား ၁၀၀ ကျော်က ခင်ဦး အနောက်ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးလာခြင်း၊ ရေဦးမြို့ဘက်မှ လက်နက်ကြီးပစ်ကူပေးနေခြင်းကြောင့် ဒေသခံ ပြည်သူ ထောင်ချီ၍ စစ်ဘေးရှောင် ထွက် ပြေးနေရသည်ဟု သိရှိရသည်။

လတ်တလော ခင်ဦးမြို့နယ်၊ အင်းပတ်ရွာ၊ချမ်းသာကုန်း(ခ)အောင်ချမ်းသာရွာ၊မရမ်းအင်းရွာ၊ကုန်းသာရွာ စသည့် ကျေးရွာများမှ ပြည်သူများလည်း စစ်ဘေး ရှောင်တိမ်းနေကြရပြီး ဖမ်းဆီးခံရသူပြည်သူများရှိနေကြောင်း သိရှိရသည်။ khit thit

စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ၂ ဦး တာ ဝန်မှ အနားပေးခံရ

အာဏာသိမ်းစစ်ကောင်စီဟာ သူခန့်အပ်ထားတဲ့  ပြည်ထောင်စု ဝန်ကြီး ၂ ဦးကို တာဝန်ကနေ အနားပေးလိုက်ပြီး ဝန်ကြီးနေရာတချို့ အ ပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း ဒီကနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးတို့ကို ရာထူးတာဝန်ကနေ အနားယူခွင့် ပြုလိုက်တယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့စွဲနဲ့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်း ဒွေးအမိန့်နဲ့ ထုတ်ပြန်လိုက်တာပါ။

အဆိုပါ ဝန်ကြီး နှစ်ယောက်ကို စစ်ကောင်စီက ဘာကြောင့် အနားပေးလိုက်တယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြတာ မရှိပါဘူး။ 

တာဝန်ကနေ အနားပေးလိုက်လို့ လစ်လပ်သွားတဲ့  စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာမှာ  သမ ဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ဦးလှမိုးကို ပူးတွဲခန့်အပ်တာဝန်ပေးအပ်လိုက်ပြီး ဆောက်လုပ်ရေး ဝန်ကြီးအဖြစ်တော့ ဦးမျိုးသန့်ကို စစ်ကောင်စီက ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။  DVB

ပုလောမြို့တွင် စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ် ကဒဲကျေးရွာကို ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် အကြမ်းဖက် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချ ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေ ရှိနေကြောင်း ပူရိယက္ခ ညီနောင် စစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီက အဆိုပါ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စျေးရောင်းချနေသည့် အရပ်သား လင်းမယား နှစ်ဦးကို ထိခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပူရိယက္ခ ညီနောင် စစ်ကြောင်း၏ တာဝန်ခံမှ သိရသည်။

ပူရိယက္ခ ညီနောင် စစ်ကြောင်း၏ တာဝန်ရှိသူ တစ်ဦးက “ထိတာက လင်မယား နှစ်ဦးပါ ဇနီးဖြစ်သူကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်” ဟု ပြောသည်။

စစ်ကောင်စီက အဓိက PDF အဖွဲ့များရှိရာ နေရာကို ရွေးပြီး လာရောက် တိုက်ခိုက်ခဲ့ရာမှ ယခုလို စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားများကို ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပူရိယက္ခ ညီနောင် စစ်ကြောင်း၏ တာဝန်ရှိသူက ပြောပြချက်အရ သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဒေသခံနှစ်ဦးတွင် အမျိုးသားဖြစ်သူမှာ လက်သန်းကြွယ်ကို ထိခိုက်မှုကြောင့် ဖြတ်ပစ်ခဲ့ရပြီး ဇနီးဖြစ်သူမှာတော့ မျက်လုံးကို ထိခိုက်သောကြောင့် အရေးပေါ် မြိတ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့တွင် PDF စခန်းများရှိရာ နေရာများဟု ပစ်မှတ်ထားကာ စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းဖြင့် လာရောက် တိုက်ခိုက်မှုသည် လက်ရှိမှာ လေးကြိမ်ခန့် ရှိနေပြီး ဖြစ်ကြောင်း ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

လက်ရှိတွင် ပုလောဖက်တွင် လွန်ခဲ့သော အပတ်အတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သော‌ကြောင့် မြိတ်-ထားဝယ် ကားလမ်းမကြီး အသုံးပြုခွင့်အား ယာယီ ရပ်ဆိုင်းထားခဲ့ရသော မြို့ဖြစ်သည်။ mizzima

« Older Entries Recent Entries »