စစ်ဆေးရုံသို့ လာကုသည့် လူနာများကို လိုင် စင်မရှိသော ပုဂ္ဂလိက Grand Htila အထူးကုဆေးရုံသို့ စစ်ဆေးဆရာဝန်များက ခေါ်ယူပြီး ငွေကျပ် သိန်းပေါင်းများစွာ ရယူ ဆေးကု

မန္တလေး၊ မိတ္တီလာစစ်ဆေးရုံသို့ လာရောက်ကုသသည့် လူနာများကို စစ်ဆေးဆရာဝန်များက လိုင်စင်မရှိသေးသည့် ပုဂ္ဂလိက Grand Htila အထူးကုဆေးရုံသို့ ခေါ်ယူပြီး ငွေကျပ်သိန်းပေါင်းများစွာရယူ ဆေးကုသမှု ပေးနေကြောင်း သိရှိရသည်။

မိတ်တ္တီလာစစ်ဆေးရုံမှ စစ်ဆေးဆရာ၀န်များက မိတ္တီလာတွင် Grand Htila အမည်ဖြင့် အထူးကုဆေးရုံ ဖွင့်လှစ်ထားပြီး အပေါ်ထပ်တွင် ခွဲ စိတ်ခန်းများထားရှိပြီး တရားမ၀င်ခွဲစိတ်ကုသမှုများလုပ်ဆောင်ခြင်း၊ အတွင်းလူနာများလက်ခံကုသမှုများ လုပ်ဆောင်ခြင်းများလုပ်ဆောင်နေကြောင်း သိရှိရသည်။

“စစ်ဆေးရုံ လာတက်တဲ့လူနာတွေကို စစ်ဆေးဆရာဝန်တွေက သူတို့ ဖွင့်ထားတဲ့ တရားမဝင် Grand Htila ဆေးရုံကို ခေါ်တယ်။ ပြီးတော့ အဲဒီမှာ ခွဲစိတ်ကုသပေးတယ်။ ငွေကတော့ ငွေကျပ်သိန်းဆယ်ချီကိုတောင်းတာ။ စစ်ဆေးရုံမှာ ဆိုရင် ငွေတောင်းမရဘူးလေ။ အလကားကုပေးရမှာဆိုတော့ သူတို့ ဖွင့်ထားတဲ့ တရားမဝင်ဆေးခန်းကို ခေါ်ပြီး ကုသခိုင်းတာ” ဟု သတင်းရင်းမြစ်တစ်ခုကပြောသည်။

ထိုသို့ တရားမ၀င်ဆေးကုသနေမှုများကို တိုင်ကြားသော်လည်း မိတ္တီလာခရိုင်ကျန်းမာရေး အရာရှိ ဆရာ၀န်သည် စစ်တပ်မှ ဗိုလ်မှူးကြီးက တော်ဖြစ်နေသည့်အတွက် အရေးယူဆောင်ရွက်မှုမရှိဘဲ သူကပင် ဆက်ကြေး လစဉ် သိန်း ၂၀ ရရှိကြောင်း ၊ ကန်တော့ကြေးဟုဆိုကာ မိတ္ထီလာ စစ်ဆေးရုံမှ ဆေးတပ်မှူးကလည်း တစ်လလျှင် သိန်း ၃၀ ခွဲတမ်းရရှိကြောင်း သိရှိရသည်။

မိတ္ထီလာ စစ်ဆေးရုံမှ စစ်ဆေးဆရာ၀န်များသည် စစ်ဆေးရုံတွင် မထိုင်ကြတော့ဘဲ Grand Htila အထူးကုဆေးရုံတွင်သာ ထိုင်ပြီး ဆေးကုသမှုများလုပ်ဆောင်နေကြောင်း၊ ဝင်ငွေနည်းမိသားစုများနှင့် အောက်ခြေ စစ်သားမိသားစုများ ဆေးကုသရန် ခက်ခဲလာကြောင်း သိရှိရသည်။

Grand Htila အထူးကုဆေးရုံကို မိတ္ထီလာ စစ်ဆေးရုံမှ စစ်ဆေးဆရာ၀န်များ ဦးဆောင် လုပ်ကိုင်နေခြင်းဖြစ်ပြီးနောက်ကွယ်တွင် စီးပွားရေးလုပ်ငန်းရှင်တချို့ပါဝင်လျက်ရှိကြောင်း၊ ယင်းဆေးရုံသည် တရားဝင် ခွင့်ပြုချက်လိုင်စင်မရှိဘဲ လျှောက်ထား ဆဲဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s