ဆွာမြို့တောင်ပိုင်းအုပ်ချုပ်ရေးမှူးကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့တောင်ပိုင်း အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Bago Region PDF က သတင်းထုတ်ပြန်သည်။

ရေတာရှည်မြို့နယ် ဆွာမြို့တောင်ပိုင်းအုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်(ခ) အငယ်လေးဆိုသူကို ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် ရေတာရှည်မြို့နယ်၊ ဖီးနစ် ပြောက်ကျားအဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်က ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးကို ယင်းနေ့ နံနက် ၇ နာရီ ခွဲအချိန်ခန့်တွင် ၎င်း၏ ဈေးဆိုင်အတွင်း ပြောက် ကျားတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

၎င်းသည် စစ်ကောင်စီတပ်အလိုကျ ပြည်သူများကို ခြိမ်းခြောက်ဖိနှိပ်ခြင်း၊ CDM ဝန်ထမ်းများနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသည့် ပြည်သူများကို ဖမ်းဆီးရာတွင် လိုက်ပါဆောင်ရွက်ခြင်းများကြောင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သ တင်းထုတ်ပြန်ထားသည်။

ပစ်ခတ်ရှင်းလင်းခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ထံ မဇ္စျိမအနေဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပြောက်ကျားတပ်ဖွဲ့က စစ်ဆင်ရေးဆောင်ရွက်နေစဉ်အတွင်း အုပ်ချုပ်ရေးမှူး၏ တပည့်များက တော်လှန်ရေးရဲဘော်များကို ပြန်လည်ခုခံမှုများ ရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များဘက်မှ အထိအခ်ိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s