တမူးတွင် PDF မဟာမိတ် တပ်စခန်း ၆ ခု စီး နင်းခံရပြီး တိုက်ပွဲအတွင်း စစ်သား ၄ ဦးသေ ဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ မြောင်နှင့် မြင်းခြံတွင် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ PDF မဟာမိတ် တပ်စခန်း ၆ ခုကို အကြမ်းဖက် စစ်တပ်က စီးနင်းခဲ့ပြီး တိုက်ပွဲများအတွင်း စစ်သား ၄ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က တမူးမြို့ပြင်ရှိ PDF မဟာမိတ်တပ်ရင်းတပ်ဖွဲ့ ၆ ဖွဲ့၏ စခန်းများကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြီး PDF ရဲဘော်များက အင်အားမမျှသည့် အတွက် စခန်းများကို အားလုံးကို စွန့်ခွာခဲ့ရကြောင်း သိရသည်။

ကာကွယ်ရေး ရဲဘော် အားလုံး အထိအခိုက် အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့​ကြောင်း ဗမာ့ကျောင်းသားများအဖွဲ့ (Burmese Students Organization-BSO) ကျောင်းသား တပ်ရင်း၏ အဖွဲ့ခေါင်းဆောင် ကိုအောင်ဖြိုးကြွယ်မှ ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦး လက်နက်ကြီးကျည် ထိမှန်ကျဆုံးခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း CDSOM တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဇရပ်နီကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်လည်း မြစ်ဆုံရွာသို့ သွားသည့် လမ်းခုလတ်တွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ကိုယ့်ဘက်က ကျဆုံးမရှိဘူး။ လက်နက်ကျည် ဆုံးရှုံးမှုတွေတော့ရှိတယ်။ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ တိုက်ပွဲမှာ စစ်သား ၅ ဦးသေတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့ တိုက်ပွဲမှာတော့ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘူး။ တော်လှန်ရေး အင်အားစုတွေ လိုအပ်နေတဲ့ လက်နက်ခဲယမ်း အတွက် ဝိုင်းဝန်း ထောက်ပို့ ကူညီပေးကြဖို့ တိုက်တွန်းလိုတယ်” မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMမှ တာဝန်ရှိသူ တစ်ဦးက​ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို CDSOM -တောင်းပိုင်း ဗိုလ်ကျားသစ် ၊ CDSOM -အနောက်ပိုင်း၀၀၁ အဖွဲ့ ၊ Shwe Oh Revolution Force ၊ Justice Revolution Force ၊ PDF-Taloke (မြင်းခြံခရိုင် တပ်ရင်း ၂ ) ၊ Myingyan Ranger ၊ MGN 21 , BGF နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် ကင်းလှည့်နေသည့် စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက် ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဆီမီးခုံမြို့၌ ကင်းလှည့်နေသည့် စစ်သားများ လိုက်ပါလာသည့် ဆိုင်ကယ် ၄ စီးကို ဆီမီးခုံမြို့နှင့် ငါ့နန်းကျေးရွာ အကြားတွင် ရှေ့ထွက်မိုင်း ၂ လုံး၊ စလစ်မိုင်း ၃ လုံးဖြင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ ၂ ဦး ဆေးရုံးသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် (၆) တပ်ခွဲ (၁) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGFနှင့် မြင်းခြံခရိုင် တပ်ရင်းအမှတ် (၁) 27 Revolution Force

မဟာမိတ် ညီနောင် ၂ ဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို CDSOM -တောင်းပိုင်း ဗိုလ်ကျားသစ် ၊ CDSOM -အနောက်ပိုင်း၀၀၁ အဖွဲ့ ၊ Shwe Oh Revolution Force ၊ Justice Revolution Force ၊ PDF-Taloke (မြင်းခြံခရိုင် တပ်ရင်း ၂ ) ၊ Myingyan Ranger ၊ MGN 21 , BGF နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s