ပေါက်မြို့နယ်တွင် ပတ်ကင်းထွက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို ဒေသကာကွယ်ရေး အဖွဲ့ကတိုက်ခိုက်၊ ၄ ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ် ကုက္ကိုစုပျူစောထီးကျေးရွာမှ ပတ်ကင်းထွက်လာသည့် စစ်ကောင်စီ တပ်နှင့်ပျူစောထီးအဖွဲ့ကို ကြိုတင်စောင့် ဆိုင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး နှင့် ပျူစောထီး သုံးဦးသေဆုံးသွားကြောင်း Anonymous Special Task Force- Pauk မှ တာဝန်ရှိသူ တစ်ဦးကမဇ္ဈိမသို့ပြောသည်။

“ပစ်ခတ်မှုက မိနစ် ၃၀ လောက်ကြာပြီး စကစဘက်က လေးယောက် မျက်မြင်ရှေ့တင် သေဆုံးသွားပါ တယ်။ သေဆုံးတဲ့လေးယောက်ထဲမှာ စကစတစ်ယောက်နဲ့ ပျူသုံးယောက်ပါတယ်။ ပြင်းထန်ဒဏ်ရာ ရသူက ပျု သုံးကောင်ထက်မနည်းရှိပါတယ်။ ကျွန်တော်တို့ ASTF အဖွဲ့သားအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ကုက္ကိုစုမှ စစ်ကောင်စီနှင့် ပျူစောထီးများ ပတ်ကင်းထွက်မည့်ကို ကြိုတင်သတင်းရရှိခဲ့သည့်အတွက် ၁၃ ရက်နေ့ညကတည်းက သွားရောက်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မကွေးတိုင်းအတွင်း လူအင်အားစုဆောင်းသည့်အနေဖြင့် ပျူစောထီးအဖွဲ့ဝင်သစ် များစုဆောင်းနေပြီးး ဆယ်အိမ်စုတစ် စုလျှင်တစ်ယောက်နှုန်းဖြင့် ပျူစောထီးအဖွဲ့ဝင်ရန် အတင်းအကြပ် ဖိအားပေးလုပ်ဆောင်နေကြောင်း သိရသည်။

“အခုနောက်ပိုင်း သူတို့နယ်မြေကျဉ်းလာတော့ ပျူနှစ်ယောက်လောက်ရှိတဲ့ရွာတွေကို ဇွတ်အတင်း ပျူရွာ ဖြစ်အောင် လုပ်ဆောင်နေတာတွေရှိတယ်။ အိမ်ခြေ ၂၄၀ ရှိတဲ့ယာကြီးပြင်ရွာဆိုရင် ဆယ်အိမ်စုတစ် ယောက် ပျူစောထီးအဖွဲ့ဝင်ရမယ်ဆိုပြီး အတင်းလုပ်နေတယ်” ဟု ပြော သည်။

ယာကြီးပြင်ကျေးရွာတွင် စစ်ကောင်စီတပ်တစ်ခုဖြစ်သည့် ကပစ ၂၄ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များလာ ရောက်ပြီး ပျူစောထီးများအားသင် တန်းပေးနေကြောင်းသိရသည်။

ထိုကဲ့သို့ ပျူစောထီး အဖွဲ့ထဲဝင်ရန် အတင်းအကြပ်ဖိအားပေးလုပ်ဆောင်နေသည့်အတွက် ယာကြီးပြင် ရွာမှ ဆယ်အိမ်ခေါင်းလေးဦးထွက် ပြေးသွားပြီး ဆက်လက်နေထိုင်လိုခြင်းမရှိသည့် အိမ်ခြေ ၃၀ နီးပါး မှာလည်း ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ တွင် ယာကြီးပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း စစ်သင်တန်းပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင် ပျူစောထီးအဖွဲ့ဝင်များကို Anonymous Special Task Force- Pauk အဖွဲ့ က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s