ဖယ်ခုံတွင် စစ်ဘေးရှောင်များ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အင်းအရှေ့ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ( ၇ ) က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်က ဖယ်ခုံအင်းအရှေ့ဘက်မှာရှိတဲ့ တောင်ပို့ကြီးကျေးရွာ၊ ငါးမူးကျေးရွာ၊ ဆီမီးလော့ကျေးရွာ၊ လယ်ထွန်ကျေးရွာနဲ့ ဆောင်ကန်းကျေးရွာတို့တွင် စစ်ကောင်စီတပ် စကခ ၇ က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး အသက် ၃၀ ဝန်းကျင်အရွယ် အ မျိုးသား ၁ ဦး နဲ့ ၇ နှစ်အရွယ် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ 

အဆိုပါကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရာက အောက်တို ဘာလကုန်ပိုင်းမှာ ကယန်းပြည်သစ်ပါတီငြိမ်းချမ်းရေးအဖွဲ့က စစ်ကောင်စီနဲ့ ညှိနှိုင်းကာ  စစ်ရှောင်ပြည်သူတွေ ကျေးရွာတွေအတွင်း ပြန်လည်နေထိုင်ဖို့  ပစ်ခတ်မှုမရှိစေရန် အာမခံနဲ့ ပြန်လည်ခေါ်ယူခဲ့ပြီး နှစ်ပတ်အကြာမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာဖြစ်ပါတယ်။

ပြည်သူတချို့ဟာ ကျေးရွာတွေအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် ပြန်လည် စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာ ၉ ရက်ကလည်း ဖယ်ခုံမြို့နယ် လအိကျေးရွာအတွင်းရှိ လူနေအိမ်ပေါ်သို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက် ကြီး ကျရောက်ပေါက်ကွဲပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တယောက်အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ လွိုင်ကော်မြို့၊ ဖယ်ခုံမြို့နဲ့ မိုးဗြဲမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာတွေဘက်ကို  လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အပြစ်မဲ့ပြည်သူတွေ နေ့စဉ်နီးပါး လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိနေတာ ဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s