မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှု အပျက်အစီးကြီးမားပုံရှိဟု ဒေသခံများပြော၊ အဝင်အထွက်ပိတ်ဆို့ပြီး ယနေ့ လေ ယာဉ် အတက်အဆင်း မလုပ်နိုင်

မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KNLA ၊ PDF ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်းတွင် ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ် ခတ်ခဲ့ရာတွင် လေတပ်အတွင်း အပျက်အစီး ကြီးမားပုံရှိကြောင်း မကွေးမြိုု့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် မကွေးလေတပ်စခန်းဌာနချုပ်ကို KNLA နှင့် EPDF မဟာမိတ်အဖွဲ့၊ ရွှေလင်းယုန်အဖွဲ့ (Golden Eagle)၊ ဘီလူးစစ်ဆင်းရေးတပ်ဖွဲ့တို့က ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီဘက်ကမူ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်မှု တစ်စုံ တစ်ရာ မရှိကြောင်း ပြောဆိုထုတ်ပြန်ထားသည်။

“ရှော့တိုက်ဒုံးနဲ့ပစ်တာ အတော် ထိသွားပုံပေါ်တယ်။ အဝင်အထွက်တွေတော့ အကုန်ပိတ်ဆို့ထားတယ်။ ဒီနေ့ လေယာဉ် အဆင်းအတက်လည်း လုံးဝ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပုံမှန်အားဖြင့် မကွေးလေတပ်စခန်းသည် နေ့စဉ် အနည်းဆုံး တိုက်လေယာဉ် ၃ စင်းမှ ၅ စင်းအထိ အမြဲပုံမှန်လိုလို ပျံသန်းလေ့ကျင်ခြင်းများ လုပ်ဆောင်ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ တိုက်လေယာဉ် ပျံသန်းမှုများနှင့် လေယာဉ်အတက်အဆင်းများ ရှိခဲ့ပြီး ရှော့တိုက်ဒုန်းဖြင့် အပစ်ခတ်ခံရသည့်ယနေ့တွင် လေယာဉ်အတက်အဆင်း မလုပ်နိုင်တော့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ရောက်ရှိလာသော သတင်းပေးပို့ချက်တစ်ခုတွင် မကွေးလေတပ်စခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရမှုတွင် တိုက်လေယာဉ်တချို့ ထိမှန်သွားသည်ဟု သတင်းပေးပို့ချက်ရရှိသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါ သတင်းပေးပို့ချက်ကို အ တည်ပြုနိုင်ခြင်းမရှိပေ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s