မုပ္ပလင်ဂိတ်၊ ဆားလင်းကြီး၊ အရာတော် ၊ ဝန်းသို၊ ရေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်ဂိတ်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ အရာတော်၊ ဝန်းသိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများကို ဒေသကာကွယ်ရေးတပ်များနှင့် ပြည်သူ့ကာကွယ် ရေး တပ်များက လုပ်ဆောင်ခဲ့ကြပြီး စစ်သား ၁၀ ဦးသေဆုံးကြောင်း သိရှိရသည်။

မုပ္ပလင်လမ်းဆုံဂိတ် ၄၀ မမဖြင့် ပစ်ခတ်ခံရမှု စစ်သား ၃ ဦးသေဆုံး

=====================================

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံဂိတ်တွင် စောင့်ကြပ်နေသော စစ်ကောင်စီတပ်မှ စစ်သားများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ၄၀ မမများဖြင့် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် သွားရောက်ပစ်ခတ်ရာ စစ်သား ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း Kyaikhto Information Teamက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။

” သွားပစ်တာက ၄၀ မမ ၄ လုံး။ ၃ လုံး ကွဲတယ်။ စစ်ခွေး ၃ ကောင်သေးတယ်။ ၄ ကောင် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ခွေးတွေကို Double cab နဲ့ ကျိုက်ထိုကို ပြန်သယ်သွားတယ် ” လို့ မြေပြင် သတင်းပို့သူမှ ပြောသည်။

အရာတော်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး သေဆုံး

====================================

စစ်ကိုင်းတိုင်း ၊အရာတော်မြို့နယ်၊ကမ်းဖြူရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်များ ယနေ့ နိုဝင် ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း အရာတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်က စစ်အရာရှိခရီးစဉ်အတွက် ကင်းပုန်းစောင့်ပေးရန် ကင်ပုန်းဝတ်နေစဉ် ပြည်သူကာကွယ်ရေးအဖွဲ့များက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ခွေးလမ်းကြောင်းရှိတယ်လို့သတင်းအတိကျရလို့ အလစ်သွားတိုက်ခဲ့တာ။ ပထမ မနက်ခင်း ၉ နာရီ၃၀ မိနစ် တစ်ကြိမ် ‌ဒရုန်းနဲ့ ဗုံးချတိုက် ခိုက်ခဲ့တယ်။ မနက် ၁၁နာရီ ၄၅မိနစ်အချိန်မှာ မြေပြင်ထိပ်တိုက် တိုက်ပွဲထပ်ဖြစ်တယ်။တိုက်ပွဲနှစ်ကြိမ်စလုံး စစ်သား ၃ ကောင်ကျဆုံးသွားတယ်” ဟု Zeroပြောက်ကြားတပ်ဖွဲ့မှ ခေါင်းဆောင် ကိုသက်ကြီးကရန်ကုန်‌ ခေတ်သစ်ထံ ပြောဆိုသည်။

စစ်ကောင်စီတပ်ကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ၊Danger Force နဂါးနီ ကျောက်ဆည် အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆာလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီဝန်ကြီးဌာနရုံးများကို လက်နက်ကြီး ၃၂ လုံးဖြင့် ပစ်ခတ်

==========================================

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ဆာလင်းကြီး မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနရုံးဌာနများကို လက်နက်ကြီး ၃၂ လုံးဖြင့် နိုဝင်ဘာ၁၄ရက်နေ့ ည ၈နာရီအချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဆာလင်းကြီးဒေသ ‌ကာကွယ်ရေးအဖွဲ့များက ပြောသည်။

“ပစ်ခတ်ခဲ့တာက ရဲစခန်း၊ထွေအုပ်ရုံးနဲ့တရာရုံးကို ပစ်ခဲ့တာ။အလုံးအရေ အတွက် ကတော့ ၃၂လုံးပါ။လက်နက်ကြီးအမျိုအစားတွေက ၈၀ မမ ၊၁၂၀ မမ နဲ့ပစ်ခဲ့တာပါ ။ ရဲစခန်းထဲကို လက်နက်ကြီး ၈လုံး ထက်မနည်းကိုကျသွားတယ်။ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မြို့နယ်တရားရုံးအ တွင်းကို လက်နက်ကြီး ၅ လုံးကျရတယ်။ အသေအပျောက်အတိအကျတော့မသိရသေးဘူး။ သူတို့ဘက်က စက်လက်နက်၊ ၄၀ မမ ၂လုံးပြန် လည် ပစ်ခတ်တာတော့ရှိတယ်။အထိခိုက်တော့မရှိခဲ့ဘူး” ဟု ဆားလင်းကြီး PDF ခေါင်းဆောင်က ပြော သည်။

ရေးမြို့ရှိ ခမရ ၅၈၆ တပ်ကို ရေးဘီလူးအဖွဲ့က တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

=======================================

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် စစ်ကောင်စီလက်အောက်ခံ ခမရ ၅၈၆ တပ်ကို လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးက တရားဝင် သတင်းထုတ်ပြန်သည်။

” ၄၀ မမနဲ့ M4 လက်နက်ငယ်တွေသုံးပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အတည်ပြုချက်ရရှိထားတဲ့သတင်းကတော့ ၄ ယောက်က တော့ ဒဏ်ရာရတယ်။ ၂ ဦးသေတယ်လို့ သိရတယ်။ နာရီဝက်လောက်ပစ်ခတ်ဖြစ်ပြီးတော့ ဆုတ်လမ်းကို အောင်မြင်စွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်။ ကျနော်တို့ဘက်က ထိခိုက်မှု ဘာမှ မရှိဘူး။ ဒီထက်ကောင်းမွန်တဲ့ မစ်ရှင်တွေကိုလည်း ပြုလုပ်သွားမယ်လို့ ပြည်သူ့အပေါ် ကတိသစ္စာပြုပါတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ဝန်းသိုမြို့နယ်တွင် စစ်တပ်ဂိတ် ဗုံးခွဲခံရပြီး စစ်သား ၂ ဦးသေဆုံး

====================================

နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် စစ်တပ်၏ ဂိတ်တစ်ခုဖြစ်သော ကျောက် တိုင် ဘက်အဝင်စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကြောင်း Wuntho Revolution-WR က သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s