မြောင်၊ နဂါးပေါက်ရွာကို ညအချိန် မီးတင်ရှို့သည့် စစ်တပ် စစ်ကြောင်းကို PDF မဟာမိတ်တပ်များက ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ထွက် ပြေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဂါးပေါက်ရွာကို ညအချိန် မီးတင်ရှို့နေသည့် စစ်တပ် စစ်ကြောင်းကို မဟာမိတ် PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် CDSOM အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီကျော်ခန့်က မြောင်မြို့နယ်၊ နဂါးပေါက်ရွာကို မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို CDSOM အဖွဲ့အပါ အဝင် မဟာမိတ် PDF တပ်ပေါင်းစုများက ညတွင်းချင်း ကျေးရွာအတွင်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းမှ တပ်ပျက်ကာ စက်လှေမျေားပေါ်သို့တက်ပြေးစဥ် မဟာမိတ် PDF တပ် ပေါင်းစုများက လိုက်လံတိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

“မြောင်နယ် နဂါးပေါက်ရွာကို မီးရှို့တဲ့စစ်ကြောင်းကို ရွာအတွင်းဝင်တိုက်ခဲ့တယ်။ ရွာထဲမှာ ခွေး ၁ ကောင်ကျပြီး စက်လှေပေါ်မှ ခွေးများ ၅ ကောင်အနည်း ဆုံးကျပါတယ်။စစ်ခွေးတွေဘက်ကနေပြီး မြစ်တစ်ဖက်ကမ်းက ၆၀ မမ ၁၀လုံး လှမ်းပစ်ပြီး သင်္ဘောပေါ်က စက်လတ်တွေနဲ့ ပစ်ကူကြပြီး ချက်ခြင်းသံခွံနှစ်စီးနဲ့ ခွေးများကိုတင်ကာ မြစ်အောက်ဘက်စုန်ဆင်းသွားပါတယ်။ မြင်းခြံကနေ နာ ရေး ကား ၃ စီးနဲ့လည်း လာတင်သွားတယ်လို့ မြင်းခြံက သတင်းပို့လာပါတယ်။ စစ်ခွေးတွေ မရှိတော့တဲ့အတွက် ကာကွယ်ရေးအဖွဲ့တွေက ရွာထဲကို ပြန်ဝင်ပြီး မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု မြောင်မြို့နယ် CDSOM အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s