သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာကို စစ်တပ်က သံချပ်ကာကား ၂ စီး အပါအဝင် စစ်ကား ၁၀ စီးဖြင့် ဝင်ရောက်ပစ်ခတ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာကို စစ်တပ်က သံချပ်ကာကား ၂ စီး အပါ အဝင် စစ်ကား၁၀ စီးဖြင့် ယနေ့ နံနက်ပိုင်း စစ်တပ်က ဝင်ရောက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဝင်းစိန်ကျေးရွာဘက်သို့ သံချပ်ကာ ကား ၂ စီး အပါအဝင် စစ်ကား၁၀ စီးဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ် ကြောင်း၊ ကျေးရွာတွင် လက်ရှိ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများ မသိရှိရသေးကြောင်း ဒေသခံများက ဆိုကြသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် သထုံမြို့နယ် အမှတ် ၉ လေ့ကျင့်ရေးတပ်မှ ဒုတပ် ရင်း မှူးဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် စစ်သား ၃ သုံးဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်ဘက်က ကျေးရွာများကို ပစ် မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s