အရာတော်-မုံရွာ လမ်းမ သစ်ကျင်းကြီးလမ်းခွဲအနီး၌ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်-မုံရွာ ကားလမ်းပေါ် သစ်ကျင်းကြီးလမ်းခွဲအနီးတွင် ကင်းပုန်းဝတ်နေသော စစ်ကောင်စီတပ်ကို ယမန်နေ့ နိုဝင် ဘာလ၁၅ရက် နေ့လယ်၂နာရီ ၃၅မိနစ် အချိန်ခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ အရာရှိလမ်းကြောင်းလာရန်ရှိသောကြောင့် အရာတော်-မုံရွာလမ်းပေါ် သစ်ကျင်းကြီးလမ်းခွဲအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ အင် အား ၇၀နီးပါး ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဥ် ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အင်အားများတယ်ဗျ။ ၇၀လောက်ရှိတယ်။ အရာတော်တပ် ၊သစ်ကျင်းကြီးတပ်က စစ်သားတွေပါ။ ပြန်ပစ်တာမျိုးတော့ရှိပါတယ်”ဟု Danger Force LPDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ငါးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၅ရက်နေ့မှ စတင်ကာ ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အရာတော်-မုံရွာလမ်းပိုင်းအား အသုံးပြုခြင်းရပ်နားရန် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က အရာတော်-မုံရွာလမ်းပေါ်ရှိ ကမ်းပျူချောင်းတစ်ဝိုက်နှင့် ကျွန်းဖိုပင်ရွာတွင် ရောက်ရှိနေပြီး မုံရွာဘက်အခြမ်းတွင်လည်း တားဆီးစစ်ဆေးမှုများ ရှိနေသောကြောင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s