ကယားပြည်နယ်အစိုးရ စီမံဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် ပြန်လွတ်

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက အကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးရပေးရာမှာ အန်အယ်ဒီအစိုးရလက်ထက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကယားပြည်နယ်အစိုးရ စီမံနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် အပါအဝင် ၆ ဦး လွိုင်ကော် အ ကျဉ်းထောင်ကနေ ဒီနေ့ ပြန်လွတ်မြောက်လာပါတယ်။

ကျန်သူ ၅ ဦးကတော့ စစ်ပြေးလို့  ရဲစည်းကမ်း ပုဒ်မတွေနဲ့ ရေးယူထားတဲ့ ဘောလခဲမြို့နယ်နဲ့ ပဲခူးတိုင်းနေသူတွေဖြစ်ပါတယ်။

ကရင်နီ (ကယား) ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအ ကျဉ်းသား ၂၈၄ ဦးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)ဆီက သိရပါတယ်။

“ကျနော်တို့ PKPF မှာ ရှိတဲ့ စာရင်းက ၂၈၀ ဦး၊ ပြီးခဲ့တဲ့အောက်တိုဘာလကုန်အထိက၊ အခုဒီလ  နောက်ထပ် ၄ ယောက်ထပ်တိုးတော့ ၂၈၄ ယောက်ရှိတယ်။ ဒါပေမဲ့ တယောက်ပဲ လွတ်လာတယ်ဆိုတော့ ဒါက မဖြစ်သင့်ဘူးလို့ထင်တယ်။ တခြားတိုင်းနဲ့ ပြည်နယ်က တခြားထောင်တွေမှာဆိုရင် အများအပြား တချို့အကျဉ်းထောင်တွေမှာ ၂၀ – ၃၀ အဲလိုမျိုးရှိတယ်။ ဒါပေမဲ့ ကယားပြည်နယ်မှာ တယောက်ပဲလွတ်တယ်ဆိုတော့ ဒါကတော့ ကယားပြည်နယ်ကို အကျဉ်းထောင်အရ ထပ်ဆင့်ဖိနှိပ်တယ်လို့ပဲ မြင်ပါတယ်။” 

ကယားပြည်နယ်အစိုးရ စီမံနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်ဟာ စစ်တပ်အာဏာစသိမ်းတဲ့နေ့မှာ တခြား ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအပါအဝင် တခြားဝန်ကြီးတွေနဲ့အတူ ထိမ်းသိမ်းစစ်ဆေးခံရပြီး ပြန်လွတ်လာခဲ့မယ့် ၂၀၂၁ ခု မတ်လမှာထပ်မံဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရတာဖြစ်ပါတယ်။ 

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးပုဒ်မအသီးသီးနဲ့ ဖမ်းဆီးခံရသူ ၂၈၀ ရှိပြီး တရားရင်ဆိုင်ဆဲ ၁၀၇ ယောက်ရှိကာ အဲဒီထဲမှာ အမျိုးသမီး ၂၈ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

နိုင်ငံခြားသား ၄ ယောက်နဲ့  အနုပညာရှင်တွေ အပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေ ရတဲ့ အကျဉ်းသား  ၅၇၀၀ ကျော်ကို နိုဝင်ဘာလ ၁၇ ရက် မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့  စစ်ကောင်စီက ကြေညာထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s