ကလေးမြို့တွင် ဘိလိယက် ထိုးနေသည့် စစ် သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပစ္စတို ၂ လက်နှင့် လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဘိလိယက်ထိုးနေသည့် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှုတွင် စစ်သား ၂ ဦးသေဆုံးကြောင်း VaKok-CNDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကလေးမြို့ တောင်ပိုင်း မြောက်စည်းရွာတွင် ဘိလပ်ယက်ထိုးနေသည့် စစ်ကောင်စီ တပ်သားများကို Vakok-CNDF တပ်ဖွဲ့နှင့် ပူးပေါင်း အဖွဲ့အစည်းများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များဘက်မှ MA5 ပစ္စတို ၁ လက်၊ ခြောက် လုံးပြူး ၁လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ဖုန်း ၅ လုံးနှင့် ပိုက်ဆံ ၃ သိန်းကျော်ပါဝင်သည့် ပိုက်ဆံအိပ် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကလေးမြို့ တောင်ပိုင်း မြောက်စည်းရွာတွင် ဘိလိယက်ထိုးသွားကြသော စကစများအား Vakok-Cndfနဲ့ ပူးပေါင်းအဖွဲ့စည်းတွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေး ၂ ကောင်သေပြီး MA5 အတိုတစ်လက် ၆ လုံးပြူးတစ်လက် လက်ပစ်ဗုံး ၂ လုံး ဖုန်း ၅ လုံး ပိုက်ဆံ ၃ သိန်းကျော် ပိုက်ဆံအိတ်တစ်လုံး သိမ်း ပိုက်ရရှိနိင်ခဲ့ပါတယ်” ဟု VaKok-CNDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s