စစ်​ကောင်စီမှ အကျဥ်းသား ၆,၀၀၀ နီးပါး လွှတ်​ပေးမည်ဟု​​ကြေညာပြီး​နောက် အင်းစိန်​​ထောင်​ရှေ့မြင်ကွင်း

(၁၀၂) နှစ်​မြောက် အမျိုးသား​နေ့ကိုဂုဏ်ပြု​သောအားဖြင့် အကျဥ်းသား ၆,၀၀၀ နီးပါးအား စစ်​ကောင်စီမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဖြစ်​ကြောင်း ​ကြေညာပြီး​နောက် ယ​​နေ့ နိုဝင်ဘာလ ၁၇ ရက်​နေ့တွင် အင်းစိန်​ထောင်ဗူးဝ​ရှေ့အား ယခုလိုမြင်​တွေ့ရသည်။

အကျဥ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဖြစ်​ကြောင်း ​ကြေညာချက်အား ယမန်​နေ့ညပိုင်းက စစ်​ကောင်စီလက်​အောက်ခံ ရုပ်သံလိုင်းများမှတစ်ဆင့် ​ဖော်ပြခဲ့ခြင်းဖြစ်ပြီး ယ​နေ့နံနက်ပိုင်းကလည်း လွတ်ငြိမ်းမည့် ပုဂ္ဂိုလ်များကို ​ကြေညာခဲ့သည်။

ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးဖြစ်သူ မစ္စတာရှောင်တာနယ် ၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမင်း ၊ ဂျပန်ရုပ်ရှင်ဒါရိုက်တာ မစ္စတာToru Kubota ၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့ပါဝင်လာမည်ဖြစ်ပြီး၊ ပုဒ်မ ၅၀၅ – က ဖြင့်တရားစွဲဆိုထား​သော အနုပညာရှင်များအပါအဝင် အကျဥ်းသား/သူ ၆,၀၀၀ နီးပါးအား ပြန်လွှတ်​ပေးမည်ဖြစ်​ကြောင်း သိရသည်။

အင်းစိန်​ထောင်ဗူးဝ​ရှေ့ နံနက် ၉ နာရီမြင်ကွင်းတွင် လွတ်ငြိမ်းတွင်ပါဝင်သူများကိုလာကြိုသည့် မိသားစုဝင်တချို့​ရောက်ရှိ​နေပြီဖြစ်သည်။

အင်းစိန်​ထောင်ထဲမှ အကျဥ်းသား/သူများ ပြန်လွှတ်​ပေးသည်ကို​တော့ ယခုအချိန်ထိ မ​တွေ့ရှိရ​သေး​ပေ။

ထို့အပြင် အင်းစိန်​ထောင်ထဲသို့ ရဲကားတစ်စီး၊ ရဲတပ်သားအင်အားအများအပြားပါလာသည့် အိမ်စီးကား ​လေးစီး ဝင်​ရောက်သွား​ကြောင်းလည်း တွေ့ရှိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s