စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ တနင်္သာရီတိုင်းက အကျဉ်းသား/သူ ၁၀၅ ဦး လွှတ်ပေး

စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အကျဉ်းသား ၆,၀၀၀ နီးပါးကို လွှတ်ပေးခဲ့သည့် အထဲတွင် တနင်္သာရီတိုင်းအတွင်းမှ အကျဉ်းသား/သူ ၁၀၅ ဦးကို လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ကိုးဦးသာ ပါဝင်ကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက မဇ္ဈိမ ကို ပြောဆိုထားသည်။

တနင်္သာရီတိုင်းအတွင်း ခရိုင်အလိုက် လွတ်မြောက်လာသူ စာရင်းများအရ ထားဝယ်ထောင်တွင် အကျဉ်းသား ၃၂ ဦး အနက် နိုင်ငံရေး အ ကျဉ်းသား လေးဦး၊ မြိတ်ထောင်တွင် ၄၀ ဦးအနက် နိုင်ငံရေးအကျဉ်းသား သုံးဦး၊ ကော့သောင်းထောင်မှ ၂၀ ဦးအနက် နိုင်ငံရေးအကျဉ်းသား ငါးဦးနှင့် တနင်္သာရီမြို့နယ် ဆင်ဖြူရှင် ရဲဘက်စခန်းမှ ၁၃ ဦး စုစုပေါင်း ၁၀၅ ဦးကို လွတ်ပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း ခရိုင်အလိုက် အကျဉ်းထောင်များထဲတွင် စစ်တပ်က အာဏာသိမ်းပြီး နောက် ဆန္ဒပြလှုပ်ရှားသူများကို အကြမ်းဖက် ဖမ်းဆီးမှုကြောင့် နိုင်ငံရေး အကျဉ်းသား ၁,၀၀၀ ကျော်နီးပါး ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ကူညီပေးနေသူများထံမှ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s