စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီကို မဖြစ်မနေ လက်စားချေသွားမည်ဖြစ် ကြောင်း AA ပြော

ရခိုင်ဒေသအတွင်း အပြစ်မဲ့အရပ်သား ပြည်သူများကို ဦးတည်၍ အစုလိုက်အပြုံလိုက် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေသူများကို ရက္ခိုင့်တပ်တော် (AA) အနေဖြင့် မဖြစ်မနေ လက်စားချေသွားမည်ဖြစ်ကြောင်း အသိပေးစာတစ်စောင်ကို ရက္ခိုင့်တပ်တော် (AA) က ယမန့်နေ နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ပြည်သူလူထုများအပေါ် ဆန့်ကျင်ကျူးလွန်သော စစ်ရာဇဝတ်မူများတွင် ပါဝင်ကျူးလွန်သူများကို မဖြစ်မနေ လက်စားချေသွားမည်ဖြစ်ကြောင်း ပြည်သူများအား အသိပေးထုတ်ပြန်အပ်ပါသည်” ဟု ဆိုသည်။

နိုဝင်ဘာလ ၁၆ရက်နေ့ တွင် မောင်တောမြို့နယ် လောင်းဒုံ(အုပ်စု) ဂြစ်ချောင်းကျေးရွာအတွင်း၌ အရပ်သားပြည်သူများမှ ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ်အတွင်း စစ်ကောင်စီ၏ မောင်တောမြို့နယ် နခခ (၇) မှ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပွဲအတွင်းမှ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၁၁ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ ယင်းနေ့တွင်ပင် ကျောက်တော်မြို့၊ ကန်စောက်အခြေစိုက် ခမရ (၅၃၉) တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက်လိုက်သော လက်နက်ကြီး ကျည်ဆန်သည် ချောင်းတူကျေးရွာအတွင်း ကျရောက် ပေါက်ကွဲမူကြောင့် သုံးဦးသေဆုံးပြီး သုံးဦးမှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၄နှင့် ၁၅ရက်များတွင် စစ်တွေအခြေစိုက် ခမရ (၃၄၄) တပ်ရင်းမှ ပစ်ခတ်သည့်အတွက် ကွမ်းတောင်ကျေးရွာမှ အသက် (၃၄)နှစ်အရွယ် အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဘူးသီးတောင်မြို့နယ် တင်ဆက်(သရက်တောင်) မူဆလင်ကျေးရွာတွင် စစ်ကောင်စီ၏ ဘုရားတောင်ကုန်း၌ တပ်စွဲထားသော တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၁၀) နှင့်ဘူးသီးတောင် အခြေစိုက် စကခ (၁၅) မှ လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများအား ပစ်ခတ်ခဲ့သည့် အတွက် ကျေးရွာများရှိ လူနေအိမ်တချို့ ပျက်စီးဆုံးရှုမှုများရှိခဲ့သည်ဟုလည်း AA က ဆိုသည်။

“ စစ်ကောင်စီသည် စစ်သုံးသင်္ဘောများပေါ်မှ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို မိမိတို့စခန်းများရှိရာ နေရာများသို့သာမက ရပ်ရွာများသို့ နေရောညပါ တိုက်ခိုက်နေခဲ့သည်မှာလည်း နေ့စဉ်နေ့တိုင်းပင်ဖြစ်သည်။။ ယင်းကဲ့သို့ ဗုံးကြဲတိုက်ခိုက်မူများကြောင့် အရပ်သားပြည်သူလူထု သေဆုံး၊ ဒဏ်ရာရရှိသည့် အရေးအတွက်မှာလည်း နေ့တိုင်းနီးပါးရှိနေသောကြောင့် အရေအတွက်မှာ မြင့်တက်လျက်ရှိသည် ” ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။

ယင်းအပြင် ရခိုင်ပြည်တွင် မြေပြင်တိုက်ပွဲများ၌ အထိအခိုက်၊ အကျအဆုံးများပြီး အဖက်ဖက်တွင် ယိုးယွင်းပျက်စီးနေသော စစ်ကောင်စီတပ်သည် အပြစ်မဲ့အရပ်သားများ နေထိုင်သော ကျေးရွာများကို ဦးတည်၍ လက်နက်ကြီးပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုင်ခြင်းများကို နေ့စဉ်ရက်ဆက်ပြုလုပ်နေသည်ဟု AA က ဆိုသည်။

“စစ်ပွဲအတွင်း လိုက်နာရမည့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်၍ စစ်ရာဇဝတ်မူများ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို စစ်ကောင်စီက နေ့စဉ်ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်လျက်ရှိသည်။ ” ဟု ဆိုထားသည်။

ယင်းအပြင် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် စစ်ကောင်စီ၏ လက်နက်ကြီးများ၊ တိုက်လေယာဉ်များနှင့် ဒရုန်းများမှ ရမ်းသန်းပစ်ခတ်မူများအတွင်း မတရားသဖြင့် အသက်သေဆုံးသွားသော ပြည်သူများအတွက် မိသားစုဝင်များနှင့် ထပ်တူ ခံပြင်းဝမ်းနည်းကြောင်းလည်း AA က ဖော်ပြထားခြင်းဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s