တန့်ဆည်နှင့် မြောင်တွင် စစ်တပ် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ မြောင်နှင့် စစ်ကိုင်းတွင် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးများ ပစ်ခတ်ခံရပြီး ၇ ဦးသေ ဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်တပ် စစ်ကြောင်း ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း LPDF တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်နှင့် ၃ နာရီခန့်တွင် အင်အား ၁၃၀ ခန့်ပါဝင်သော စစ်သား နှင့် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တက်သစ်(မ)ရွာ အဝင်တွင် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ဒီကောင်တွေ ငတန်းရွာကနေ ထွက်လာတာကို သိလို့ သူတို့လာနိုင်တဲ့ လမ်းကြောင်းတွေကနေ တိုက်မိုင်းတွေကာကွယ်ရေးအဖွဲ့တွေက ကြိုတင် ပတ်ထောင်ထားပြီး တိုက်မိုင်း ၂ လုံးကွဲသံတော့ ကြားလိုက်ရတယ်။ အထိခိုက်တော့ အတိကျမသိရသေးဘူး။ ပေါက်ကွဲတဲ့နေရာက တက်သစ်မြောက်ရွာ ရွာအဝင်မှာ ပေါက်ကွဲခဲ့တာ။ခွေးတွေ များများသေပါစေလိုဘဲ ဆုတောင်းနေမိတာဘဲလို့” ဟု ဒေသခံ LPDF အဖွဲ့ဝင်တစ်ဦးက​ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တန့်ဆည်-ကာဘိုး-ရွှေဘိုလမ်းပေါ်ရှိ ငတန်းရွာ၊ အက်တောရွာနှင့် တက်သစ်(မ)ရွာတို့ကို စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရကြောင်း၊ ထို့ပြင် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကိုလည်း ဖြတ်သန်းသွားလာကြေးဟုဆိုကာ တစ်စီးလျှင် ငါးထောင်၊ တစ်သောင်း စသဖြင့် ကောက်ခံလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် တက်သစ်မြောက်ရွာ၌ ညအိပ်တပ်စွဲနေထားကာ ဒေသခံ ပြည်သူများ နေရပ်စွန်ခွာ ထွက်ပြေးနေကြကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်တပ်ကင်းပုန်းနှင့် စစ်တပ် သတင်းပေးများ မိုင်းဆွဲ ပစ်ခတ်ခံရပြီး ၇ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျောက်ရစ်စခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထိုးကြောင်းထိုးပြီး ဆယ်ရွာကျေးရွာသို့ ရောက်ရှိလာပြီး စစ်ရှောင်ပြည်သူများကို သေနတ်များဖြင့် လိုက်ခံခတ်စဥ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသာသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်-၅ တပ်ရင်း နှလုံးလှ လူမိုက်ကြီးများ အဖွဲ့၊ CRA တပ်ခွဲ ၂ ချောင်းဦး ONE LPDFနှင့် မုံရွာခရိုင်တပ် ရင်း ၁၇ ခွဲ PENTAGRAM (မြင်းမူ)နှင့် CDSOM (မြောက်ပိုင်းတိုက်ခိုက်ရေး တပ်ပေါင်းစု) တို့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြစ်ဆုံရွာကို အလွယ်တကူဝင်ထွက်ပြီး ပြည်သူပိုင် နေအိမ်များကို ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးရာတွင် သတင်းပေးအဖြစ် လုပ်ဆောင်ခဲ့သူ ၄ ဦးကို ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို နှလုံးလှ လူမိုက်ကြီးများ အဖွဲ့၊ မြောင်ဖိုက်တာ၊ NOE LPDF၊ တမန့်တော် ရနွေဉီးရဲဘော် LATT MA YUNT. TGYRင တို့မှ မဟာမိတ် ညီနောင်များအဖွဲ့မျာက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကြောင်း း နှလုံးလှ လူမိုက်ကြီးများ အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းမြို့နယ်တွင် တအိမ်တည်းရွာတွင် အုပ်ချုပ်ရေးမှူး အပါအဝင် အဖွဲ့ဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တအိမ်တည်းရွာ အုပ်ချုပ်ရေးမှူး ပျူစောထီး စံရွှေမြင့်၊ သက်တော်စောင့် သီဟနှင့် ဒုအုပ်ချုပ်ရေးမှူး (ရာအိမ်မှူး) ဇော်ထက်တို့ကို The PENTAGRAM (ငါးထောင့်ကြယ်) အဖွဲ့က တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။

တအိမ်တည်းရွာ အုပ်ချုပ်ရေးမှူး ပျူစောထီး စံရွှေမြင့်နှင့် သက်တော်စောင့် သီဟတို့ကို The PENTAGRAM အဖွဲ့က နေရာတွင်ပင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း၊ ဒုအုပ်ချုပ်ရေးမှူး (ရာအိမ်မှူး) ဇော်ထက်ကို ဖမ်းဆီးပြီး ပျူစောထီးအဖွဲ့ဝင် ဖြစ်ကြောင်းနှင့် အကြမ်းဖက် လုပ်ရပ်များစစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် ရှင်းလင်းခဲ့ကြောင်း The PENTAGRAM အဖွဲ့က ထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s