ပုလဲမြို့နယ် ဇီးဖြူကုန်းရွာတွင် သေနတ်လွယ်ကာ ပဲစိုက်နေသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ဇီးဖြူကုန်းရွာတွင် သေနတ်လွယ်ကာ ပဲစိုက်နေသည့် ပျူစောထီးများကို Royal Eagle PDF တပ်ဖွဲ့က နိုဝင် ဘာလ ၁၆ ရက် နံနက်ပိုင်းက အလစ်အငိုက် ဝင်တိုက်ခဲ့ကြောင်း သိရသည်။

ပဲစိုက်နေသည့် ပျူစောထီးများကို ယမန်နေ့ နံနက် ၉ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး

အဆိုပါတိုက်ခိုက်မှုကြောင့် ပျူစောထီးသုံးဦးခန့် သေဆုံးကာ မိမိတို့ ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါ နိုင်ခဲ့ကြောင်း Royal Eagle PDF ထံကသိရသည်။

“ ပျူစောထီးတွေက သေနတ်လွဲပြီး ပဲစိုက်နေတာကို ကျွန်တော်တို့ က အလစ်အငိုက် ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန် ပစ် ခတ်မှု နာရီဝက်လောက် ရှိပါတယ်။ ပျူစောထီး သုံးဦး နောက်ကို ပက်လက်လန် သွားတာကို တွေ့ရပါတယ် ။ အဲ့ဒီနောက်မှာ ဇီးဖြူးကုန်းရွာထဲတွင် တပ်ကူတွေ ရောက်လာပြီး အဆက်မပြက် ပစ်ခတ်မှုတွေ လုပ်ဆောင်တာကြောင့် ကျွန်တော်တို့ ကာပစ်ပစ်ပြီး ပြန်လည် ဆုတ်ခွာလာခဲ့ရတယ်” ဟု Royal Eagle PDF ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

Royal Eagle PDF တပ်ဖွဲ့ အနေဖြင့် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ကျည်ဖိုး လိုအပ်ချက်များ ရှိနေကြောင်း အဆိုပါ အဖွဲ့တာဝန်ခံထံက သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s