ဖွေးဖွေးနှင့် ဘုဏ်းသိုက် အပါအဝင် ပုဒ်မ ၅၀ ၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် အနု ပညာ ရှင် ၁၁ ဦးအား စစ်ကောင်စီက အမှုပိတ်သိမ်းခွင့်ပြု

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ဖွေးဖွေး၊ ဘုဏ်းသိုက် နှင့် နီနီခင်ဇော် အပါအဝင် အနုပညာရှင် ၁၁ ဦးကို စစ်ကောင်စီက အမှုပိတ်သိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သည့် ( ၁၀၂ ) နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် စစ်ကောင်စီတပ်က အကျဉ်းသား ဦးရေ ၆,၀၀၀ နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမည် ဖြစ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က စွဲဆိုထားသည့် ပုဒ်မ ၅၀၅(က)အမှုအား ပိတ်သိမ်းပေးလိုက်သည့် အနုပညာရှင်များမှာ ဖွေးဖွေး၊ ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊ စုမွန်၊ ဘုဏ်းသိုက်၊ နီနီခင်ဇော်၊ သီဟဖြိုး၊ ယွန်းဝတီလွင်မိုး၊ သဇင်ထူးမြင့်၊ ထက်ထက်ထွန်းနှင့် နန်းခင်ဇေယျာစသည့် အနုပညာရှင် ၁၁ ဦး ဖြစ်သည်။

ယင်းအပြင် အကျဉ်းကျခံနေရသူများဖြစ်သည့် ဟာသသရုပ်ဆောင် ဆင်မကိုလည်း ခံဝန်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ပြန်လွတ်ပေးလိုက်သူများတွင် အဂတိမှုဖြင့်ပစ်ဒဏ်ကျခံနေရသည့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ NLD အစိုးရ လက်ထက် န်ိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးနှင့် ၈၈ မျိုးဆက်ငြိမ်းပွင့်မှ ကိုမြအေးတို့ ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ကိုထိန်လင်း၊ ဂျပန် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာနှင့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသည့် ကိုကျော်ဌေးဦး တို့ကိုလည်း ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

“ဦး ကျော် ဌေးဦးဆိုတာက အစ်မ ဒေါ်စုနားမှာ သားသမီးလို နေတဲ့ပုဂ္ဂိုလ်တစ် ယောက် အ မေရိကန်နိုင်ငံသား ဦး ကျော် ဌေးဦးဆိုတာ အသက် ၅၀ ကျော် ပေါ့။ သူလည်း သူတို့ကို လွှတ် ပြီးရင် ပြည်နှင်ဒဏ် ပေးမယ်ဆိုတာလည်း ကြားတယ်”ဟု တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယ နေ့ လွတ်ငြိမ်းခွင့်ပေးလိုက်သူများအနေဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ် ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော သတ်မှတ်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် မြန်မာ့အသံတွင် ထုတ်ပြန်သည်။

ယနေ့မနက်ပိုင်းက အင်းစိန် ထောင် ထဲသို့ မီနီဘတ်စ် အဝါ ၁၀ စီး ကျော်ဝင် ရောက်သွားသည်ကို တွေ့ရှိရသည်ဟု သတင်းအရင်းအမြစ်ကလည်း မဇ္ဈိမထံ သတင်းပေးပို့ထားသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၃၀၁၅ ဦးရှိပြီး ၎င်းတို့အ နက်မှ ၁၆၄၈ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရ ကြောင်း နိုင်ငံ ရေးအကျဥ်းသားများ ကူညီ စောင့် ရှောက် ရေးအသင်း AAPP၏ နိုဝင် ဘာလ ၁၆ရက် နေ့ ထုတ်ပြန်ချက်အရ သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s