မတ္တရာမြို့နယ် ပကဖစခန်းငယ်တခု စီးနင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၂ ဦး ကျဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မတ္တရာမြို့နယ် အပိုင် စခန်းငယ်တခု နိုဝင်ဘာ ၁၃ ရက်က စီးနင်းတိုက်ခိုက်ခံခဲ့ရပါပြီး ရဲဘော် ၂ ယောက်ကျဆုံးသွားပါတယ်။

စစ်ကောင်စီတပ်ရဲ့ စီးနင်းတိုက်ခိုက်မှုကို ပြန်လည်ခုခံရင်း ရဲဘော် ၂ ဦးဖြစ်တဲ့ ရဲဘော်စိုးကြီးနဲ့ ရဲဘော်တိုက်မောင်း ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မတ္တရာမြို့နယ်က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်စိုးကြီးနဲ့ ရဲဘော်တိုက်မောင်းတို့ကို အမြဲအောက်မေ့သတိရစွာနဲ့ လေးစားဂုဏ်ယူနေမှာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပြီးဆုံးတဲ့အထိ တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စီးနင်းတိုက်ခိုက်ခံရမှုကြောင့် ရဲဘော် ၂ ဦး ကျဆုံးတဲ့အပြင် လက်နက်ငယ်တချို့လည်း စစ်ကောင်စီတပ်က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s