အင်းစိန်ထောင်ဗူးဝအား ဓာတ်ပုံလှမ်းရိုက်သူကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လည်လွှတ်ပေး

စစ်ကောင်စီက အကျဉ်းသား/သူ ၅,၇၇၄ ဦးကို ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်လာသော (၁၀၂) နှစ်မြောက် အမျိုးသားနေ့ အ ထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာပြီးနောက် အင်းစိန်ထောင်ရှေ့၌ မိသားစုဝင်များ လာရောက် စောင့် ဆိုင်းလျက်ရှိသည်။

၎င်းတို့သည် မနက် ၇ နာရီ ဝန်းကျင်ခန့်မှ စတင် လာရောက် စောင့်ဆိုင်းကြပြီး မနက် ၉ နာရီဝန်းကျင်တွင် အင်းစိန်ထောင်ရှေ့ တစ်ဖက်လမ်းမတန်းတွင် လူများစုပြုံလာခြင်းဖြစ်သည်။ ထို့နောက် ရဲကားတစ်စီးနှင့် ရဲတပ်သားအပြည့်ပါလာသော အိမ်စီးကား လေးစီးလည်း ထောင်အ တွင်းသို့ ဝင်ရောက်သွားသည်ကို တွေ့ရသည်။

ထိုသို့ ထောင်ဗူးဝဂိတ်ထဲ ရဲကားတန်းများဝင်ရောက်သွားချိန်တွင် အများပြည်သူက ဓာတ်ပုံလှမ်းရိုက်သောအခါ ပုံမရိုက်ရန် ကားထဲမှ ရဲများက တားမြစ်သည်ကိုလည်း တွေ့ရသည်။

ထို့နောက် မနက် ၁၀ နာရီအချိန်ခန့်တွင် ထောင်ထဲသို့ဝင်ရောက်မည့် စစ်ကားပေါ်မှ စစ်သားများက လမ်းတစ်ဖက်ရှိ အင်းစိန်ထောင်ဗူးဝအား ဓာတ်ပုံလှမ်းရိုက်နေသူတစ်ဦးအား ဖမ်းဆီးသွားကြောင်း သိရသည်။

“ထောင်ဗူးဝကို ဓာတ်ပုံလှမ်းရိုက်လို့ စစ်ကားနဲ့လာခေါ်သွားတာ။” ဟု သတင်းရင်းမြစ်ကပြောသည်။

ဖမ်းဆီးခံရသူမှာ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရပြီး စစ်ကောင်စီတပ်သားများက ၎င်း၏ဖုန်းကို စစ်ဆေးပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်။ ထို့နောက်တစ်နာရီခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

“ကားပေါ်ကနေစစ်သားတွေဆင်းလာပြီးတော့ အဲ့ကောင်လေးကို မင်းဖုန်းပေး၊ ငါတို့ကိုပြဆိုပြီး တောင်းတာ။ အဲ့ကောင်လေးက ကျွန်တော့်ဖုန်းမဟုတ်ဘူး။ ဒါသူများဖုန်းဆိုပြီး ငြင်းသေးတယ်။ အဲ့ဒါကို ငါတို့ကို လာမပြောနဲ့ ငါတို့က သိပြီးသား မင်းတို့ ထောင်ရှေ့မှာဘာလုပ်နေလဲလည်းသိတယ်။ မင်းဖုန်းလည်းယူလာခဲ့ မင်းလည်းလိုက်ခဲ့ဆိုပြီး ခေါ်သွားတာ။ အခုတော့ ပြန်လွှတ်ပေးလိုက်ပြီ ကြားတယ်။” ဟု ဆိုသည်။

အင်းစိန်ထောင်ဗူးဝ ဂိတ်၌ စီစီတီဗီကင်မရာ ငါးလုံးထက်မနည်း လမ်းမဘက်သို့ ချိန်ရွယ်တပ်ဆင်ထားသဖြင့် ထောင်ရှေ့လမ်းမ တစ်ဖက်ခြမ်းမှနေ၍ အများပြည်သူပိုင်နေရာများမှ ဖုန်းကင်မရာဖြင့် ဓာတ်ပုံရိုက်ကူးသည်ကိုပင် ပြည်သူများက ကြောက်လန့်၍ မလုပ်ဆောင်ရဲတော့ဘဲ အချင်းချင်းလည်း သတိပေးကာ ဖမ်းခံရသူ၏ ဖြစ်စဉ်ကို ပြန်လည်ပြောပြပြီး ပုံရိုက်နေသူကို တွေ့ပါက တားမြစ်နေကြသည်။

မနက် ၁၁ နာရီခန့်မှ စတင်က အင်းစိန်ထောင်ဗူးဝဂိတ်ထဲသို့ မီနီဘတ်စ် အဝါ ဆယ်စီးကျော် ဝင်ရောက်သွားသည်ကို တွေ့ရပြီး စစ်ကောင်စီမှ ကြေညာထားသော လွတ်ငြိမ်းချမ်းသာသတင်းကြောင့် မိသားစုဝင်များလည်း လာရောက်စောင့်ဆိုင်းနေသည်မှာ အလွန်များပြားလာပြီဖြစ် သည်။ သို့သော် ယခုအချိန်ထိ အင်းစိန်ထောင်ထဲမှ အကျဉ်းသားများ ပြန်လွှတ်ပေးသည်ကို မတွေ့ရသေးပေ။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s