အင်းစိန်အကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ဦးမြအေး ပြန်လွတ်လာ၊ မြန်မာပြည်သူများနှင့် အမြဲတမ်းအတူရှိနေမည်ဟု ဦးမြအေး ပြောဆို

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးမှု ခံထားရသည့် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ဦးမြအေးသည် ယနေ့ အင်းစိန်အ ကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း Assistance Association for Myanmar-based Independent Journalists က ဓာတ်ပုံများဖြင့် သတင်းဖော်ပြထားသည်။

ဦးမြအေးကို အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ ၁ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပုဒ်မ ၅၀၅ (ဂ) ဖြင့် တရားစွဲဆိုခဲ့ပြီး ယခုနှစ် မတ်လတွင် အင်းစိန် ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီက အကျဥ်းကျခံနေရသည့် အကျဥ်းသား ၅၀၉၈ဦး၊ အကျဥ်း သူ ၆၇၆ဦး စုစုပေါင်း ၅၇၇၄ ဦးတို့ကို လွတ်ငြိမ်းခွင့်ပေးကြောင်း ယနေ့ ထုတ်ပြန်ကြေညာထားသည်။

အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ဦးမြအေးက “မြန်မာ ပြည်သူများနှင့် အမြဲတမ်းအတူရှိနေမည်”ဟု အင်းစိန်ထောင်မှ အ ထွက်တွင် ပြောဆိုသွားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s