စစ်ကောင်စီမှ ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ရာတွင် ဖမ်းဆီးခံထားရသည့် NLD လက်ထက် ပြန်ကြားရေးဝန်ကြီးနှင့် ဒုဝန်ကြီးတို့လည်းပါ ဝင်

အကြမ်းဖက်စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ခဲ့သူ များအား ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ရာတွင် ဖမ်းဆီးခံထားရသည့် NLD လက်ထက် ပြန်ကြားရေးဝန်ကြီးနှင့် ဒုဝန်ကြီးတို့လည်းပါဝင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နိုဝင်ဘာလ ၁၇ရက် (အမျိုးသားနေ့) တွင် အဆိုပါဘွဲ့နှင့် တံဆိပ်များပေးအပ်ကြောင်းကြေညာရာတွင် NLD လက်ထက် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် အား သီရိပျံချီဘွဲ့ နှင့် ဒုဝန်ကြီး ဒုဝန်ကြီးဦးအောင်လှထွန်းအား ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့ကြောင်း ဖော်ပြထား သည်။

၎င်းတို့ နှစ်ဦးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ရွေးကောက်ခံအရပ်သားအစိုးရကိုလည်း ဖမ်း ဆီးရာ စာရေးဆရာမှဝန်ကြီးဖြစ်ခဲ့သည့် ဒေါက်တာဦးဖေမြင့်နှင့် သတင်းစာဆရာမှ ဒုဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်လှထွန်းတို့လည်း ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရာထူးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း​၏ လုပ်ဖော်ကိုင်ဘက်ဟောင်း တစ်ဦးဖြစ်သည့် ဦးချစ်နိုင်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် ဦးချစ်နိုင်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး(၂) ဝန်ကြီးအဖြစ် ရွှေ့ပြောင်းခံရပြီး ဗိုလ်ချုပ်ဘဝမှ အရပ်သားဖြစ်ခဲ့သူ ဦးမောင်မောင်အုန်းအား ပြန်ကြားရေးဝန်ကြီး တာဝန်ပေးထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် စစ်ဗိုလ်ချုပ်ဟောင်းများနှင့်အတူ ကွယ်လွန်သွားပြီဖြစ်သော မြန်မာစာပေတွင် ထင်ရှားသည့်စာဆိုကြီးနှစ်ဦးဖြစ်သည့် ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ် တို့ကိုလည်း စည်သူဘွဲ့ပေးထားသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်သည်လည်း နိုင်ငံသားများ ကောင်းကျိုးဆောင်ရွက်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ကာ ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက သတိုးသီရိသုဓမ္မဘွဲ့နှင့် သတိုးမဟာသရေ စည်သူ ဘွဲ့ချီးမြှင့်ခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s