နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနယ် ဩစတြေးလျသို့ ရောက်ရှိပြီး မိသားစုထံ ခရီးဆက်နေ

မြန်မာနိုင်ငံ၏ ခေါင်းဆောင် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနယ် ဩစတြေးလျသို့ ရောက်ရှိသွားပြီဖြစ်ပြီး မိသားစုထံ ခရီးဆက်နေကြောင်း ဩစတြေးလျ နိုင်ငံ ခြား ရေးဝန်ကြီးနှင့် လွှတ် တော် အမတ် Penny Wong က တွစ်တာလူမှုကွန်ရက်တွင် သတင်း ထုတ် ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီက ယနေ့ ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ပြည် နှင် ဒဏ်ပေးလိုက်သော စီးပွားရေးအကြံပေး ရှောင်တာနယ်နှင့် စကား ပြော ခွင့် ရရှိခဲ့ကြောင်း၊ ရှောင်တာနယ် လွတ်မြောက်ရေး မနား မနေကြိုး ပမ်းခဲ့ သူများကို ကျေးဇူးတင်ကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးနှင့် လွှတ် တော် အမတ် Penny Wong က တွစ်တာလူမှုကွန်ရက်တွင် ရေးသား ထား သည်။

ပါမောက္ခ ရှောင်တာနယ်ကို အကြမ်းဖက် စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာ နိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) များဖြင့် တရား စွဲဆို ထောင်ဒဏ် များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s