မုံရွာမြို့ တောပုရွာမှ ထွက်လာသော ပျူစောထီးဆိုသူများကို ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် တောပုရွာမှ ပျူစောထီးအယောက် ၂၀ ခန့် ဖောကားဖြင့် ယနေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ထွက်လာသည်ဟု သတင်းရရှိသဖြင့် ညီနောင် မဟာမိတ် ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း CHU.Weapons Installation က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပျူစောထီးများအား ညီနောင် မဟာမိတ်များဖြစ်ကြသော

Monywa(သွေးကြွေး) Fighter Group( MFG),The Brightness Monywa, CHU.Weapons Installation နှင့် PDF Monywa တို့က မြေနဲ နှင့် မင်းရွာ အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

”ဒီနေ့ မနက်ကတော့ ပျူစောထီးတွေ ဖောကားနဲ့ထွက်လာတာ သတင်းရလို့ မဟာမိတ်တွေနဲ့ ကြိုစောင့်ပြီး ဆွဲခဲ့တာပါ။ သူတို့ကို အုန်းသီး နှစ်ခိုင်နဲ့ဧည့်ခံခဲ့တယ်။ မိုင်းဆွဲတာပေါ့ဗျာ။ အညာအခေါ် အုန်းသီးလို့ခေါ်သလို ထန်းသ်ီးလို့လည်း ခေါ်ကြတယ်။ ပျူစောထီး နှစ်ယောက်ကို ဒုက္ခိ တ ဘဝ (ခြေပြတ်လက်ပြတ်) အရောက်ပို့ပေးနိုင်ခဲ့ပါတယ်။ ကားထဲမှာ ကလေးတွေလည်းပါတယ် ကြားလို့ အဖွဲ့တွေ မိုင်းထပ်မဆွဲတာဗျ။ ကလေးတွေဆိုတာ ဘာမှ မသိသေးဘူး။ အပြစ်ကင်းကြတော့လေ မဆိုင်တဲ့သူတွေကို ကျွန်တော်တို့က အန္တရာယ်မဖြစ်အောင် အထူး အမြဲသတိရှိရပါတယ်။”ဟု CHU.Weapons Installation မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် ပျူစောထီးများက လမ်းဘေးဝဲယာကို ရမ်းသန်းပစ်ခတ်နေပြီး နေ့လယ် ၁၂ နာရီခန့်တွင် မုံရွာဘက်မှ အရေးပေါ်ကားတစ်စီးလာရောက်ကာ ထိခိုက်ထားသော ပျူစောထီး နှစ်ယောက်အား လာရောက်ခေါ်ဆောင်သွားကြောင်းCHU.Weapons Installation အသိပေးထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s