ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်လမ်း ရဲကင်းဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်၊ အင်းစိန်ရှိ ဦးပိုင်ကုမ္ပဏီရှေ့ နှင့်မြောက်ဒဂုံတို့တွင်လည်း ဗုံးများပေါက် ကွဲ

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်ရှိ ရဲကင်းဂိတ်ကို War of Hunter Revolution Force (WOH) အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ ဗိုလ်တွတ်ပီက ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီ ၄၇ မိနစ်တွင် ကြံခင်းစုရပ်ကွက်၊ လေဆိပ် လမ်းရှိ ရဲကင်းဂိတ်ကို အဝေးထိန်း ဗုံး ၁ လုံးဖြင့် WOH အဖွဲ့က ဖောက်ခွဲ တိုက် ခိုက်ခဲ့​ကြောင်း ၊အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ထိခိုက်မှုရှိ မရှိကို အတည် မပြုနိုင်သေးဘဲ ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့ ကြောင်း ဗိုလ်တွတ်ပီက ဆိုသည်။

ထို့အတူ နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် အင်းစိန် မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ သီရိမင်္ဂလာလမ်းမပေါ် စစ်တပ်လက် အောက်ခံ ဦးပိုင် ကုမ္ပဏီ၏ ကားကြီးဝင်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို Divine Ranger Forces ( DRF ) နှင့် United Resistance Force ( UGF )တို့က အတူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမြို့ပြပျောက်ကျားတပ်ဖွဲ့ ၏ပြောဆိုထုတ်ပြန်ချက်အရ သိရှိရသည်။

” ဒီနေ့ညနေပိုင်း ရန်ကုန် အင်းစိန် ဂျပန်လမ်း ဟွန်ဒိုင်း ကားပြခန်းနဲ့ ဦးပိုင်ကုမ္ပ ဏီ ရှေ့နားမှာဗုံးပေါက်ပါတယ်။ လူထိခိုက်တာတော့မရှိပါဘူး။ အသံတော့ အရမ်း ကိုကျယ်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ယနေ့ည ၇ နာရီ ၄၇ မိနစ်အချိန် မြောက်ဒဂုံတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အလွန်အသံကျယ်ကြောင်း၊ နေရာအတိအကျကိုမူ မသိရှိ ရသေး ကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s