ရေစကြို၊ ဆပ်သွားရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၇ လုံးနှင့် ဆေးပေးခန်း ၁ ခု ပြာကျ၊ စစ် ကြောင်းကို PDF များက ရွာထဲအထိ ဝင်တိုက်သဖြင့် စစ်တပ် ပြန်ဆုတ်ခွာသွား

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆပ်သွားရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့သဖြင့် နေအိမ် ၇ လုံးနှင့် ဆေးပေးခန်း ၁ ခု မီးလောင်ပြာကျခဲ့ကြောင်း ရေစကြိုသတင်းရင်းမြစ်Yesagyo Township Info Committee က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဆားလင်းကုန်းကျေးရွာအုပ်စု၊ ဆပ်သွားရွာကို ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး နေ အိမ် ၆ လုံး၊ ဝန်ထမ်းအိမ်ယာ ၁ လုံးနှင့် ကျန်းမာရေး ဆေးပေးခန်း ၁ ခု တို့ မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

” ဆပ်ရွာထဲမှာတော့ ပြည်သူတွေ ထိခိုက်မှုနဲ့ ဖမ်းဆီးခံရတာတော့ မရှိပါဘူး။ ဆေးပေးခန်း ၁ ခန်း မီးရှို့ဖျက်ဆီးခံရတယ်။ ဆေးဝါး ပစ္စည်းတွေ ပျက်စီး ဆုံးရှုံးမှုကတော့ သိပ်များများပါမသွားဘူးလို့ သိရပါတယ်။ ဖမ်းဆီးခံရတာ မရှိပါဘူး။ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်တိုက်လို့ စစ်ခွေးတွေ ဇီးတော ရွာအထိ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားတာတော့ ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်” ဟု Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s