ရွာဖျက်စစ်ကောင်စီတပ်ကို ခင်ဦးပြောက် ကျားများ တိုက်ခိုက်

ခင်ဦးမြို့နယ်မှ ကျေးရွာများအား မွှေနှောက်ဖျက်ဆီးနေသည့် အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီ တပ်ကို ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ ဦး သေဆုံးသွားကြောင်း Khin U Local Guerrilla Force(KUGF)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နို၀င်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က ရေဦးမြို့မှထွက်လာသော အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီ တပ်သည် ခင်ဦးမြို့အနောက်တောင်ခြမ်းရှိကျေးရွာများအား မွှေနှောက်ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသကာ ကွယ်ရေးပြောက်ကျားတပ်ဖွဲ့များက လမ်းမှဖြတ်တိုက်ခဲ့ခြင်းဖြစ်သည်။

ခင်ဦးမြို့အနောက်တောင်ခြမ်းရှိ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း၊ ကုန်းသာကျေးရွာများအား မွှေ နှောက်ဖျက်စီးလာသောစစ်ကြောင်းနှင့် ကုန်းသာ၊ အောင်သာ၊ ရွှေယမင်းကျေးရွာကြားတွင် မွန်းလွဲ ၁ နာရီ ခန့်၌ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု(KUGF)ကထုတ်ပြန်ထား သည်။

တိုက်ပွဲတွင် Khin U Local Guerrilla Force(KUGF) နှင့်အတူ ဒေသကာကွယ်ရေးတပ်ပေါင်းစုများ ပူးပေါင်း ပါ၀င်ခဲ့ကြကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s