ခရမ်းမြို့နယ် ရိုးကြီးကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ရိုးကြီးကျေးရွာမှာ နိုဝင်ဘာ ၁၈ ရက် ဒီနေ့မနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်  သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရိုးကြီးကျေးရွာမှာ ဒီနေ့မနက် ၉ နာရီက ကွမ်းယာဝယ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အုပ်ကြီး ကွမ်းဝယ်နေတဲ့အချိန် ဆိုင်ကယ်နဲ့ လာပစ်သွားတာ၊ ၇ ချက်လောက်ရှိတယ်၊ ပွဲချင်းပြီး သေသွားတယ်။”

ပစ်ခတ်ခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးဟာ ကြံ့ခိုင်ရေးပါတီဝင်တဦးလည်း ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူက အုပ်ချုပ်ရေးမှူးရော ပြည်ခိုင်ဖြိုးပါတီဝင်ရော နေရာနှစ်ခုယူထားတာ။ ၇ ချက်ပစ်တယ်၊ ၄ ချက်ထိပြီး သေတယ်။”

လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ ရိုးကြီးကျေးရွာ နေထိုင်သူတွေကို ပိတ်ဆို့စစ်ဆေး နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ နိုဝင်ဘာ ၁ ရက်မှ ၁၈ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ၇ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s