ပခုက္ကူမြို့တွင် အငြိမ်းစားစစ်‌ဗိုလ် ၁ ဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် ၁၁ ရပ်ကွက်မှာနေထိုင်တဲ့ စစ်တပ် အငြိမ်းစားအရာခံဗိုလ်တဦးကို နိုဝင်ဘာ ၁၈ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ အမျိုးသမီးတဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဘယ်လိုအရှုပ်တွေရှိလို့ လာသတ်တာလဲတော့ မသိဘူး။ သေနတ်နဲ့ ၆ ချက်ပစ်ပြီး သတ်ထားခဲ့တာ။ သူကတော့ အရင်က တပ်မတော်ထဲက အနားယူထားတာလို့ပဲ သိထားရတယ်။ အမည်က ဦးရဲတင့်။ အသက်ကတော့ အတိအကျ မပြောတတ်ဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးတဲ့ ဦးရဲတင့်ဟာ တပ်မ ၁၀၁ ကနေ အရာခံဗိုလ်အဆင့်နဲ့ အငြိမ်းစားယူထားသူတဦးဖြစ်ပြီး လာရောက်ပစ်သတ်သူဟာ ပုဂ္ဂိုလ်ရေးအရ လာရောက်ပစ်သတ်တာလား၊ စစ်ကောင်စီဒေါက်တိုင်ဖြစ်လို့ PDF က လာသတ်တာလား ဆိုတာတော့ အတိ အကျ မပြောနိုင်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ပစ်သတ်ခံရပြီး အလောင်းကို သက်ဆိုင်ရာနဲ့ လူမှုကူညီ‌ရေးအသင်းတို့ ပူးပေါင်းပြီး ဆေးရုံပို့ဆောင်ထားကာ စစ်ကောင်စီကတော့ ၁၁ ရပ်ကွက်အတွင်း စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s