ဖားကန့် Sky KTV တွင် သောက်စားပျော်ပါးနေသည့် ဗိုလ်ကြီးဇော်ဝေစိုး နှင့်စစ်သား ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်သား ၃ ဦးပြင်းထန်ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဆီဇာ၊ Sky KTV တွင် ဗိုလ်ကြီး ဇော်ဝေစိုးနှင့် စစ်သား ၇ ဦး သောက်စား ပျော်ပါးနေစဉ် ပစ်ခတ်ခံရသဖြင့် ဗိုလ်ကြီးဇော်ဝေစိုးအပါအဝင် စစ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန် ဖားကန့် Sky TV တွင် ဗိုလ်ကြီးဇော်ဝေစိုးနှင့် စစ်သား ၇ ဦးက သောက်စားပျော်ပါးနေစဉ် ပစ်ခတ်ခံ ရခြင်းဖြစ်ပြီး ဗိုလ်ကြီးဇော်ဝေစိုးအပါအဝင် စစ်သား ၅ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ကျန် စစ်သား ၃ ဦးမှာ ဒဏ်ရာအပြင်း အထန်ရရှိသွားကြောင်း သိရှိရသည်။

“မနေ့ည ၁၀ နာရီ ၄၀ မိနစ်အချိန် ဖားကန့် မှော်ဆီဆာ မှ Sky KTV အခင်း ဖြစ်စဥ်တွင်သောက်စားမူးယစ်ပျော်ပါးနေသော စစ်ခွေး ဗိုလ်ကြီး ဇော်ဝေစိုး နဲ့တကွ ၅ ဦး မသာပေါ်….၃ယောက်စာအုပ်ရောင်း လိုင်စင် ရရှိသွားတယ်” ဟု ရန်ကုန်ခေတ်သစ်၏သတင်းရင်းမြစ်က ဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s