ဘားအံ၊ မိကရင်ကျေးရွာတွင် တိုက်ပွဲမရှိဘဲ စစ်တပ်လက်အောက်ခံ BGF က ဝင်ရောက်ပစ်ခတ်သဖြင့် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိကရင်ကျေးရွာတွင် တိုက်ပွဲမရှိဘဲ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့် BGF က ဝင်ရောက်ပစ်ခတ်သဖြင့် ပြည်သူ ၃ ဦးသေဆုံးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မိကရင်ကျေးရွာသို့ တိုက်ပွဲများမရှိဘဲ BGF တပ်များက ဝင်ရောက် ပစ် ခတ် သဖြင့် မိကရင်ရွာ နှင့် ကော့ဖျံရွာအကြားရှိ ပြည်သူ ၃ ဦး ကျည်ထိမှန် သေဆုံး သွားကြောင်း သိရှိရသည်။

“သေဆုံးတာက အသက် ၇ နှစ်အရွယ် သမီးလေး ခိုင်စံပယ်၊ စောအောင်မြင့်၊ စောအောင်ကျော်မြင့်တို့က ပွဲချင်းပြီးပါပဲ။ မစန်းအေးက ဒဏ်ရာ ပြင်း ထန် ပါတယ်။ နောက်ထပ် ကလေးတစ်ဦးကတော့ မစိုးရိမ်ရဘူး။ ၃ ဦးသေတယ်။ ၂ ဦးဒဏ်ရာရတယ်။ အဲဒီမှာ အမျိုးသမီးကြီးက အ သက် အန္တရာယ် မစိုးရိမ် ရ ပေမယ့် ဒဏ်ရာအရမ်းပြင်းထန်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူများကို နယ်ခြားစောင့် BGF တပ်က ဝင်ရောက်ပစ်ခတ်ရာတွင် တစ်စုံတစ်ရာ မေးမြန်းခြင်းမရှိဘဲ ဝင်ရောက် ပစ်ခတ်ခြင်းဖြစ် ကြောင်း၊ လက်ရှိ တွင် ကျေးရွာမှ ပြည်သူတချို့လည်း ကြောက်လန့်စိုးရိမ်နေကြကြောင်း၊ KNU ၊ PDF တပ်များနှင့်ပတ်သက်မှုရှိပြီး ထောက်ပို့လုပ်နေသည်ဆိုသော အချက် ကြောင့် BGF အဖွဲ့က ဝင်ရောက်ပစ်ခတ်ခြင်း ဖြစ်သည်ဟု သိရှိရကြောင်း ဒေသ ခံတချို့က ပြောဆိုကြသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s