အာဆီယံ အထူးကိုယ်စားလှယ် ခရီးစဉ်မတိုင်မီ လက်နက်ကိုင်အဖွဲ့ဝင်အချို့ကို လွှတ်ပေးခြင်းဖြင့် စစ်ကောင်စီ မျက်နှာချိုသွေး

ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဟုဆိုကာ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA, သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /သျှမ်းပြည်တပ်မတော် SSA နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့မှ တော်လှန်ရေး တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးလိုက်ကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာသည်။

စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်သူများတွင် ရက္ခိုင့်တပ်တော် AAမှ ၁၇ ဦး၊ ကချင်လွတ်​​​​မြောက်​ရေးတပ်မ​တော်(KIA)မှ ၁၇ ဦး၊ RCSS/SSA မှ ၅ ဦး၊ KNLA မှ၊ ၂ ဦး ပါဝင်သည်ကို တွေ့ရသည်။ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို လွှတ်ပေးခြင်းသည် မြန်မာနိုင်ငံ အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn ၏ မြန်မာနိုင်ငံသို့ တတိယအကြီမ် သွားရောက်မည့် ခရီးစဉ်မတိုင်မီ တိုက်ဆိုင်စွာ ပေါ်ထွက်လာြခင်းဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn သည် မြန်မာနိုင်ငံသို့ လာမည့်အပတ်အတွင်း သွားရောက်ရန်ရှိသည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ အဆိုပါ ခရီးစဉ်အတိုင်မီ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ဝင်များကို “နောက်စ်ကြိမ် ပြစ်မှုထပ်မကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ လက်လက် ကျခံပါမည်” ဟူသည့် ခံဝန်ချက် ကတိလက်မှတ်ထိုးက ပြန်လွှတ်ပေးခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကို ပြန်လွှတ်ပေးခြင်းအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ သဘောထားမှတ် ချက်များကို Myanmar Now က ရရယူနိုင်ခြင်းမရှိသေးပါ။

နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် နိုင်ငံတကာအပါအဝင်၊ ဒေသတွင်းအာဆီယံနိုင်ငံများက စစ်ကောင်စီကို ဖိအားပေးလျက်ရှိရာ နိုဝင်ဘာ ၁၇ ရက်တွင် အကျဉ်းသား ၆၀၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

သို့သော် ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်သာပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း AAPP က ထုတ် ပြန်ထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ နိုင်ငံရေးအကျဉ်းသားအရေအတွက် မစို့မပို့လွှတ်ပေးမှုကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ကြိုဆိုလိုက်ပြီး စစ်ခေါင်းဆောင်ကို လာမည့်အပတ်အတွင်း တတိယအကြိမ် သွား ရောက်နားချရန်ရှိနေသည်။

ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် လာမည့်အပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်ထားသည်ဟု Prak Sokhonn ၏ ယနေ့ (နိုဝင်ဘာ ၁၈ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်မှုများရပ်တန့်နိုင်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရန်နှင့် ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုန်လုပ်နိုင်ရန် ခရီးစဉ်က ရည်ရွယ်သည်ဟု ဆိုသည်။

အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ ဖိအားပေးခံနေရသည့် စစ်ကောင်စီသည် နိုဝင်ဘာ ၁၇ ရက်တွင် အကျဉ်းသား ၆,၀၀၀ ကျော်ကို လွှတ် ပေးခဲ့ပြီး ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား၊ ထင်ပေါ်ကျော်ကြားသူများ၊ သတင်းထောက်များ အနည်းငယ်သာ ပါဝင်သည်။

သို့သော် အာဆီယံအထူးကိုယ်စားလှယ်ကမူ ထိုအနည်းငယ်မျှသော နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုကို ချီးမွမ်းထားသည်။ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးမည့်လုပ်ငန်း စတင်ရန်နှင့် လမ်းကြောင်းမှန်ပြန်ရောက်ရန် အစပျိုးခြင်းဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော် စစ်ကောင်စီ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၂,၉၇၆ ဦးရှိနေပြီး စစ်ကောင်စီ၏ နိုဝင်ဘာ ၁၇ ရက် ပြန်လွှတ်ပေးမှုတွင် နိုင်ငံရေးအကျဉ်းသား ၅၃ ဦးသာ ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က လက်လှမ်းမီသမျှကောက်ယူထားသည့် စာရင်းတွင် ဖော်ပြသည်။

(နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အာဆီယံက တစိုက်မတ်တမတ် တောင်းဆိုခဲ့သော်လည်း မပြောပလောက်သော ပမာဏာသာ ပြန်လွတ်လာခဲ့သည်။) myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s